Connect with us

NPC

ဧပြီလအတွင်း ဥရောပသို့ ခရီးထွက်ရန်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဧပြီလအတွင်း ဥရောပသို့ ခရီးသွားရန်ရှိကြောင်းနှင့် တရုတ်-ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

လီသည် တရုတ်နိုင်ငံ အမျိုးသား ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံနှင့် အီးယူအတွက် မျှော်လင့်ချက်မှာ မဟာဗျူဟာမြောက် ကာလရှည် အမြင်မှ ၎င်းတို့၏ ဆက်ဆံရေးများအား ရှုမြင်ရန်နှင့် အပြန်အလှန် လေးစားမှု ဆက်လက် တည်မြဲစေရန်၊ ခံနိုင်ရည်ရှိပြီး ကြံ့ခိုင်သော ဆက်ဆံရေး တိုးတက်မှုအား ပူးတွဲရှာဖွေမှုတွင် နက်ရှိုင်းစွာ အပြန်အလှန် နားလည်သဘောပေါက်ရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)