Connect with us

NPC

မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးမှုစကားဝိုင်း ဆက်လက်လုပ်ဆောင်ရန် တရုတ် တိုက်တွန်း

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကိုရီးယားကျွန်းဆွယ်အရေးကိစ္စအား နောက်ဆုံး၌ အပြီးသတ်ဖြေရှင်းနိုင်ရန် အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဆွေးနွေးမှုစကားဝိုင်းများကို ဆက်လက်လုပ်ဆောင်သွားရန် မတ် ၁၅ ရက် က တိုက်တွန်းပြောကြားခဲ့သည်။လီက တရုတ်နိုင်ငံသည် နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ် ဖြစ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။ (Xinhua)