Connect with us

Africa & Middle East

ကင်မရွန်း နိုင်ငံ ပြည်တွင်းရေးအား ပြည်ပ ဝင်ရောက် စွက်ဖက်မှု ကင်မရွန်း အထက်လွှတ်တော် ဥက္ကဋ္ဌ ရှုတ်ချ

ကင်မရွန်း အထက် လွှတ်တော် ဥက္ကဋ္ဌ Marcel Niat Njifenji ကို တွေ့ ရစဉ်(ဓာတ်ပုံ- cameroononline)

ရာအွန်ဒီ ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

ကင်မရွန်း နိုင်ငံ၏ ပြည်တွင်းရေးအား နိုင်ငံ တစ်ချို့နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ဝင်ရောက် စွက်ဖက်မှုအား ရှုတ်ချကြောင်း ကင်မရွန်း အထက် လွှတ်တော် ဥက္ကဋ္ဌ Marcel Niat Njifenji က မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ကင်မရွန်း အစိုးရ၏ ပြည်တွင်းရေး ပြဿနာများကို ကိုင်တွယ် ဖြေရှင်းမှုအား ပြည်ပ နိုင်ငံများ အနေဖြင့် အလျင်စလို ကောက်ချက်များ မချသင့်ကြောင်း ၊ ယင်းတို့မှာ မှားယွင်းကြောင်း နှင့် ရှုတ်ချကြောင်း ၊ ကင်မရွန်း နိုင်ငံသည် လွတ်လပ်သော နိုင်ငံ တစ်ခု ဖြစ်ကြောင်း Marcel Niat Njifenji က အထက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြန်လည် အရွေးချယ် ခံရပြီးနောက် ပြောကြားခဲ့သည်။

နိုင်ငံ၏ အင်္ဂလိပ် စကားပြောဒေသ နှစ်ခုတွင် ဖြစ်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်များအား ရှုတ်ချ ပြောကြားခဲ့ပြီး ယင်းအကြမ်းဖက်မှုများက အဆိုပါ ဒေသများကို လွတ်လပ်သော နိုင်ငံများ အဖြစ် ခွဲထွက်လိုသူများ၏ လုပ်ရပ်များ ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။Njifenji သည် ၂၀၁၃ ခုနှစ်တွင် အထက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာရ ကင်မရွန်း ပြည်သူ့ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီ၏ အဆင့်မြင့် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။(Xinhua)