ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၁၉ ရက်နေ့လည်အထိ မြန်မာနိုင်ငံသည် ရွှေ ၂ဆု နှင့် ငွေတစ်ဆု ရရှိပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရန်ကုန်မြစ်အတွင်း Water Bus ပြေးဆွဲခြင်းကို ယခုလကုန်ပိုင်းတွင် စတင်နိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆူဗာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် အင်အား ၆.၄ပမာဏရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခု သြဂုတ်လ ၁၉ ရက်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုအဖွဲ့က ပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဘာစီလိုနာမြို့ ၏ အချက်အချာကျသောနေရာတွင် သြဂုတ် ၁၇ ရက်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၅ဦးသေဆုံးပြီး အခြားလူ ၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲရပါကြောင်း စပိန်နိုင်ငံ ဘုရင် Felipe VI...
ဘာစီလိုနာ၊ သြဂုတ် (၁၉) ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ဘာစီလိုနာမြို့၏ အချက်အချာနေရာဖြစ်သော နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားများဆွဲဆောင်ရာ Las Ramblas လမ်းမပေါ် တွင် သွားလာနေသည့် လူအုပ်အတွင်း သို့ သြဂုတ် ၁၇ ရက်တွင် ဗင်ကားအဖြူရောင်ဖြင့် ဝင်တိုက်ခဲ့သော Moussa Oukabir အမည်ရှိ အကြမ်းဖက်သမားမှာ...
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပွဲစဉ် တွင် မြန်မာယူ-၂၂ အသင်းက ဘရူနိုင်းယူ-၂၂ အသင်းအား ၆ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ရန် သေချာသွားပြီဖြစ်ကြောင်း သိရသည်။
ဆိုးလ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ နှင့် ထိစပ်နေသော အရှေ့ပိုင်းနယ်စပ်တွင် လက်နက်ကြီးများဖြင့် စစ်ရေးလေ့ကျင့်စဉ် မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့် တောင်ကိုရီးယား စစ်သားတစ်ဦး သေဆုံးပြီး အခြား ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုချက်ရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများတွင် သီးနှံများ အစားထိုးခြင်း၊ အစားထိုး ဖွံ့ဖြိုးမှုများဖြစ်သည့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ခြင်းတို့အတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်နှစ်အတွင်း ကျပ် ၈၁ ဘီလျံကျော်ခန့် ကျခံ သုံးစွဲဆောင်ရွက်ပေးခဲ့သည်ဟု ပြည်ထဲ...
မနီလာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုကြောင့် သြဂုတ် ၁၈ ရက် သန်းခေါင်ယံမတိုင်မီ လူ ၁၄ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။