Connect with us

Europe

ရုရှား နိုင်ငံက မဟာဗျူဟာမြောက် ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ ၃၉၁ ဘီလီယံ အသုံးပြု သွားမည်

ရုရှားနိုင်ငံ သမ္မတ ပူတင်က အခမ်းအနား တစ်ခုတွင် မိန့် ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံက ၂၀၁၉ – ၂၀၂၄ ခုနှစ် အမျိုးသား မဟာ ဗျူဟာမြောက် ဖွံ့ဖြိုး တိုးတက်ရေး နယ်ပယ်များ စီမံကိန်းတွင် ရူဘယ် ၂၅.၇ ထရီလီယံ(အမေရိကန် ဒေါ်လာ ၃၉၁ ဘီလီယံ) အသုံးပြုသွားရန် စီစဉ် ထားကြောင်း ရုရှား အစိုးရက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုအမျိုးသား စီမံကိန်းများထဲတွင် သိပ္ပံ ၊ နည်းပညာ နှင့် လူမှုစီးပွား အောင်မြင်မှုများ ဖြစ်ပေါ် တိုးတက်ခြင်း ၊ လူနေမှု အဆင့်အတန်း မြင့်မားခြင်း ၊ မိမိ ကိုယ်တိုင် အခွင့်အရေး နှင့် အခြေအနေများကို ဖန်တီးခြင်း နှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းရည်များ ထုတ်ဖော်ခြင်း တို့ပါဝင်ကြောင်း ရုရှား အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလက်မှတ်ရေးထိုးလိုက်သော အမိန့်တစ်ရပ်သည် ရုရှားနိုင်ငံသမ္မတပူတင်က ပြီးခဲ့သော နှစ် မေလတွင် ရေးဆွဲ ခဲ့သည့် လမ်းပြမြေပုံတစ်ခုကို အကောင်အထည်ဖော်ရန် နောက်ဆုံးပြုလုပ်သည့် ဆောင်ရွက်ချက် တစ်ခု ဖြစ်ကြောင်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ အပါအဝင် ၂ဝ၂၄ ခုနှစ် အရောက်တွင် နယ်ပယ်ကဏ္ဍစုံ၌ တစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းလုပ်ဆောင်သည့် အစီအစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းများ အတွက် ပြည်ထောင်စု ဘတ်ဂျက်မှ ရူဘယ် ၁၃.၂ ထရီလီယံ ၊ ပြည်နယ် ဘတ်ဂျက်မှ ရူဘယ် ၄.၉ ထရီလီယံ ၊ အခြား ဘတ်ဂျက် အရင်းအမြစ်များမှ ရူဘယ် ၇.၅ ထရီလီယံ နှင့် နိုင်ငံ၏ အခြား ဘတ်ဂျက် ရန်ပုံငွေများမှ ရူဘယ် ၁၄၇.၈ ထရီလီယံ အသုံးပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ဘက်စုံအခြေခံအဆောက်အအုံများ စီမံကိန်းဖွံ့ဖြိုးတိုးတက်စေရန် အပါအဝင် အမျိုးမျိုးသော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရထောက်ပံ့ရံပုံငွေ ရူဗယ် ၁ဝ.၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၅၃.၈ ဘီလီယံ) ကို အသုံးပြုသွားမည်ဖြစ်သည်။

ထို့ပြင် ရူဘယ် ၉.၉ ထရီလီယံ အား သဘာ၀ ပတ်ဝန်းကျင် ဂေဟ စနစ် ဆိုင်ရာ စီမံကိန်းများ နှင့် အိုးအိမ် နှင့် မြို ့ပြ ပတ်ဝန်းကျင် ၊ လုံခြုံသည့် အရည်အသွေးမြင့် လမ်းများ အပါအဝင် ပြည့်စုံသော လူနေမှု ပတ်ဝန်းကျင် တစ်ခုအား ပုံဖော်ရန် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး စောင့်ရှောက်မှု ၊ ပညာရေး နှင့် ယဉ်ကျေးမှု တို့အတွက် ၅.၇ ထရီလီယံအား အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.