Connect with us

Europe

ဂျာမနီစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံသည် အခွင့်အလမ်းကောင်းဖြစ်နေဆဲဟု ဂျာမနီ ပညာရှင် ပြောကြား

တရုတ်နှစ်ကူးကာလ ဂျာမနီနိုင်ငံ ဘာလင်မြို့Potsdamer Platzရှိ ဈေးဝယ်စင်တာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခွင်အလမ်းများ ဆောင်ကျဉ်း ပေးဆဲဖြစ်ကြောင်း ဂျာမနီနိုင်ငံ နာမည်ကျော် စီးပွားရေးသုတေသနဌာန Ifo Institute ဥက္ကဋ္ဌ Clemens Fuestက ဖေဖော်ဝါရီ ၁၁ ရက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုက အန္တရာယ်မဟုတ်ဘဲ ဂျာမနီနိုင်ငံ၏ စီးပွားရေးအတွက် တိုးတက်ရေး အခွင့်အလမ်းကောင်းများ ဖော်ဆောင်ပေးနိုင်ကြောင်း ၊ နှစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေ မတူညီသောကြောင့် မိမိနှင့်ကိုက်ညီသည့်ဖွံ့ဖြိုးရေးနည်းလမ်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း Clemens Fuestက ဂျာမနီ စီးပွားရေး သတင်းစာ Handelsblatt ၏အင်တာဗျူးကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့ ကြောင်း သိရသည်။

ဂျာမနီအနေဖြင့် စိတ်အေးအေးဖြင့် မိမိ၏အကျိုးစီးပွားကို ဖော်ဆောင်ရန်လိုအပ်ကြောင်း ၊ တရုတ်နိုင်ငံ ၏တံခါးဖွင့်ဈေးကွက်သည် ကျယ်ပြန့်ပွင့်လင်းလာသည်နှင့်တစ်ပြေးညီ ဂျာမနီဈေးကွက်က လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပွင့်လင်းစွာလက်ခံသွားမည်ဆိုပါက ဂျာမဏီ၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း Ifo Institute ဥက္ကဋ္ဌ Clemens Fuestက ဆိုပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.