Connect with us

Europe

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် ပျက်ကျ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အစ္စတန်ဘူလ် ပြည်နယ် အုပ်ချုပ်ရေးမှူး က စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း သည် ဖေဖော်ဝါရီ ၁၁ ရက် တွင် အရေးပေါ် ဆင်းတက်ရာ မှ ပျက်ကျသွား ခဲ့ပြီး တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ် သည် ဖောဖော်ဝါရီ ၁၁ ရက် တွင် အစ္စတန်ဘူလ် မြို့ ရှိ ဥယာဉ် တစ်ခု ၌ ပျက်ကျ သွား ခဲ့ကြောင်း ၊ ပျက်ကျ ခဲ့သည့် နေရာ အနီးတွင် အထပ်မြင့် အဆောက်အဦ ၃ ခု တည်ရှိပြီး ရဟတ်ယာဉ် ပျက်ကျ ခဲ့ပြီးနောက် မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

အစ္စတန်ဘူလ် ပြည်နယ် အုပ်ချုပ်ရေးမှူး က ရဟတ်ယာဉ် တွင် လိုက်ပါခဲ့သည့် တပ်ဖွဲ့ဝင် ၄ ဦး အား ဆေးရုံ သို့ ပို့ဆောင်ခဲ့သော်လည်း အရေးပေါ် ကုသမှု ဆောင်ရွက်နေစဉ် အတွင်း သေဆုံး ခဲ့ကြောင်း ၊ လက်ရှိချိန် တွင် ပျက်ကျခဲ့သည့် အကြောင်းရင်း နှင့် ပတ်သက်၍ မသိရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေကြောင်း မီဒီယာ များအား ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.