ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေရေးရာနှင့် အခြားလိုအပ်သည့် ကိစ္စများအတွက် အကြံပေးရန်အတွက် ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ရီယာ့ဒ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီယာဉ်စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များက အမျိုးသမီးများအနေဖြင့် ကုန်တင်ကားများ နှင့် ဆိုင်ကယ်များ မောင်းနှင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်ကပြောကြားခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၃၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟောင်ကောင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Cipatujah မြို့ အရှေ့တောင်၏ အရှေ့ဘက် တွင် အင်အား ၆.၅ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ က ၎င်း၏ သားဖြစ်သူ ရာဟူဂန္ဒီထံ ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်များလွှဲပြောင်းပေးပြီးနောက် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တရားရုံးတစ်ခုက ဒီဇင်ဘာလ ၁၅ ရက်တွင် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး(ဟောင်း) Alexei Ulyukayev အား အကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ငွေဒဏ် ရုရှား ရူဘယ် သန်း ၁၃ဝ...
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံးပိတ်ရည်မှန်းချက်ပန်းတိုင်မှာ “ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို အလုံးစုံ ကတိကဝတ်ပြု၍ အပြောင်းအလဲမရှိ စွန့်လွှတ်ရန်သာဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၂ဝ၁၇ ခုနှစ် ၁၁ လပိုင်းအထိ ရရှိထားသည့်စာရင်းများအရ တစ်နှစ်ထက်တစ်နှစ် ၉.၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီးတန်ဖိုးအားဖြင့် ၈ဝ၃.၆၂ ဘီလီယွမ် အထိ တိုးတက်လာခဲ့ကြောင်းသိရသည်။ ရင်းနှီးမြုှပ်နံှမှုများမှာလျင်မြန်စွာတိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းအရေအတွက်မှာလည်း စဉ်ဆက်မပြတ်များပြားလာလျက်ရှိသည်။(Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ့တပ်မတော်သည် သာလွန်သော လေကြောင်းစွမ်းအား ဖြစ်လာစေရေးအတွက် တပ်မတော်(လေ)ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ သတ္တုတွင်း ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။