Connect with us

Eastern Europe

Kerch ရေလက်ကြားအနီးပင်လယ်ပြင်တွင် ကုန်တင်သင်္ဘောနှစ်စီး မီးလောင်မှုဖြစ်ပွား အနည်းဆုံး လူ ၁၁ ဦး သေဆုံး


မော်စကို၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အလံပါ ကုန်တင်သင်္ဘောနှစ်စီးသည် ဇန်နဝါရီ ၂၁ ရက် က Kerch ရေလက် ကြားအနီးပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရုရှား ရေကြောင်း သယ်ယူပို့ဆောင်ရေး ဌာနက ဇန်နဝါရီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ကုန်တင်သင်္ဘောနှစ်စီးတွင် စုစုပေါင်း လူ ၃၁ ဦး တင်ဆောင်လာကြောင်း ၊ Kerch ရေလက် ကြားအနီးပင်လယ်ပြင်တွင် မီးလောင်မှုဖြစ်ပွားရာ တစ်စီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အချင်း ဖြစ်ရပ်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၁ ဦးရှိပြီဖြစ်ကြောင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး ဌာန၏ သတင်းများကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြထားသည်။

ကူညီကယ်ဆယ်မှုများပြုလုပ်လျက်ရှိရာ လက်ရှိတွင် လူ ၁၂ ဦးကို ကယ်ဆယ်ထားပြီဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့် သင်္ဘောအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သင်္ဘောနှစ်စီးမှာ ရေနံတင်သင်္ဘောနှင့် သဘာဝဓာတ်ငွေ့ရည်(LNG) တင် သင်္ဘောဖြစ်ပြီး လိုက်ပါလာသူများမှာ တူရကီနှင့်အိန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။ သင်္ဘောနှစ်စီးအကြား လောင်စာသယ်ပို့ဆောင်နေစဉ် သင်္ဘောတစ်စီးက မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြား သင်္ဘောကို ကူးဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Kerch ရေလက်ကြားသည် Crimeaဒေသ အရှေ့ပိုင်း Kerchကျွန်းဆွယ်နှင့် ရုရှား Krasnodarနယ်စပ်ဒေသ အနောက်ပိုင်း Tamanကျွန်းဆွယ်အကြားတွင်တည်ရှိသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.