Connect with us

Asia

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပစ်ခတ်မှုတစ်ခုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကာရာအိုကေဆိုင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခါဘူကီချိုခရိုင် တွင် ဇန်နဝါရီ ၂၁ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း၌ပါရှိသည်။

ဂျေအာ ရှင်ဂျူကု ဘူတာရုံ အရှေ့မြောက်ဘက် ၅၀၀မီတာအကွာခန့်ရှိ ကာရာအိုကေဘားတစ်ခု၌ ဒေသစံတော်ချိန် ညနေ ၆း၃၅နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ဘားဝန်ထမ်းတစ်ဦးမှ ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီးနောက် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များအလျင်အမြန်ရောက်ရှိလာခဲ့ကာ ဘားအတွင်း သွေးထွက်သံယိုဖြစ်၍ လဲကျနေသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသားသည် နောက်ကျောမှ သေနတ်ဖြင့် အပစ်ခံရပြီး အခင်းဖြစ်ပွားရာ၌ နှလုံးသွေးယိုစီးသည့် လက္ခဏာများခံစားခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

သေနတ်သမားသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်း နှင့် သေဆုံးသူတို့သည် ရာဇဝတ်ဂိုဏ်းများ နှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ၌ လူသတ်သမားအသုံးပြုခဲ့သော သေနတ်ကို ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ရဲတပ်ဖွဲ့က ကာရာအိုကေအခန်းတစ်ခုအတွင်း ကျည်ဆံခွံတစ်ခုကို ရှာတွေ့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.