မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အယ်လ်ဆာဗေးဒိုး နိုင်ငံ ပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ် ဝန်ကြီးဌာန က အောက်တိုဘာ ၂၈ ရက် တွင် နိုင်ငံတောင်ပိုင်း ပင်လယ်ပြင် ၌ ပြင်းအား ၅.၈ အဆင့်ရှိ ငလျင် လှုပ်ခတ်...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလ တွင်ဖြစ်ပေါ်နိုင်သည့် ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
တိုကျို ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတောင်ပိုင်း Torishima ကျွန်းဒေသ၌ ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ကနဦးတိုင်းတာချက်များအရ သိရကြောင်း မိုးလေဝသအေဂျင်စီက ယနေ့အောက်တိုဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၂)မိုင် ခန့်ကွာဝေးသော (နေပြည်တော်မြို့၏ အနောက်ဘက်(၉)မိုင်ခန့်အကွာ) တွင် အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂျကာတာ ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) လူပေါင်း ၁၈၉ ဦးလိုက်ပါသွားသော အင်ဒိုနီးရှားနိုင်ငံ၏ Lion Air လေယာဉ်တစ်စင်းသည် ယနေ့အောက်တိုဘာ ၂၉ ရက်တွင် ဂျကာတာနိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး မကြာမီအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအရေးပေါ်ကယ်ဆယ်ရေးအင်ဂျင်စီ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာကရေးသားဖော်ပြခဲ့သည်။
အဘူဂျာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်တွင် အမည်မသိ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်တစ်ဦးအပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
လန်ဒန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သော လက်စတာစီးတီး ပိုင်ရှင်၏ ရဟတ်ယာဉ်သည် အောက်တိုဘာလ ၂၇ ရက်က အသင်း၏ အားကစားရုံ King Power ပြင်ပ၌ ကစားပွဲအပြီး ပျံတက်ပြီးနောက် ပျက်ကျသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ၏ တရုတ် ရိုးရာ ရေဆေးပန်းချီ နိုင်ငံတကာ လှည့်လည်ခင်းကျင်းပြပွဲ ကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ ရှိ တရုတ်...
ဒပ်ဘလင်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ၌ ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် Michael D. Higgins သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း သမ္မတ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲရုံး ရွေးကောက်ပွဲတာဝန်ခံ Barry Ryan က အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် ပြောကြားလိုက်သည်။
ကိုလံဘို ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisena က ဝန်ကြီးချုပ်ဖြစ်သူအား ရာထူးမှဖယ်ရှားခဲ့ပြီးနောက် တိုင်းပြည်အတွင်း နိုင်ငံရေးအကြပ်အတည်းတစ်ခု ပေါ်ပေါက်ခဲ့သဖြင့် ကျင်းပရန် စီစဉ်ထားသည့် လွှတ်တော်ကို နိုဝင်ဘာလအထိ ရွေ့ဆိုင်းလိုက်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။