Connect with us

Culture

တရုတ် နိုင်ငံ တောတောင်ရေမြေ သဘာဝ အလှ ကို ပုံဖေါ်ထားသည့် ထိပ်တန်း ရေဆေးပန်းချီကား များ ရန်ကုန် မြို့ တွင် လာရောက်ပြသ


ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ၏ တရုတ် ရိုးရာ ရေဆေးပန်းချီ နိုင်ငံတကာ လှည့်လည်ခင်းကျင်းပြပွဲ ကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် တရားဝင် စတင်ဖွင့်လှစ် ခဲ့ပြီး တရုတ် နိုင်ငံ ၏ စိမ်းလန်းစိုပြည်သော တောတောင်ရေမြေ သဘာဝ အလှ အပ ကို ပုံဖေါ် ထားသည့် ထိပ်တန်း ရေဆေးပန်းချီကား များ အား ပြသပေးခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စု ဝန်ကြီး ဦးကြည်မင်း နှင့် မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး ဟုန်လျန် ၊ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ ကျန်းကျန်ကျုံး (Zhang Jiangzhou) ၊ ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ပြုလုပ် ခဲ့သည့် “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း များအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ၏ ရေဆေးပန်းချီ ပြပွဲ မှာ ယင်း အကယ်ဒမီ ၏ အဓိက ပန်းချီပြပွဲ တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်း အတွင်း နိုင်ငံ အများအပြား သို့ သွားရောက်ခင်းကျင်း ပြသ ခဲ့ရာ ဒေသတွင်းရှိ ပြည်သူလူထု တို့၏ ကြိုဆိုအားပေးမှု ကို ရရှိနိုင်ခဲ့ကြောင်း ၊ ယခု အကြိမ် ရန်ကုန် မြို့ သို့ လာရောက် ပြသ သည့် ရေဆေး ပန်းချီ များက ထိပ်တန်း လက်ရာများ ဖြစ်ကြပြီး မြန်မာ နိုင်ငံ က မိတ်ဆွေများအနေဖြင့် ပန်းချီးကားချပ်များ မှ တစ်ဆင့် တရုတ် နိုင်ငံ ၏ ရိုးရာ အနုပညာ လက်ရာ နှင့် တမူထူးခြား သည့် ယဉ်ကျေးမှု တို့ကို သိရှိနိုင်ကြမည် ဖြစ်ကြောင်း ၊ ပန်းချီကားချပ် များသည် နိုင်ငံအသီးသီး ရှိ ပြည်သူလူထု များ စိတ်နှလုံး ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတား ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း အား တွန်းအားပေး ဆောင်ရွက်ခြင်း သည် နှစ်နိုင်ငံ ပြည်သူလူထု စိတ်နှလုံးခြင်း ချိတ်ဆက်မှု အတွက် များစွာ အရေးပါကြောင်း ၊ ယင်းဆောင်ရွက်မှုများ က နှစ်နိုင်ငံ အကြား တည်ရှိနေသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပြီး နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ပြုလုပ် ခဲ့သည့် “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း များအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စု ဝန်ကြီး ဦးကြည်မင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အနေဖြင့် ရှေးနှစ်ပေါင်းများစွာ ကတည်းက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ကို အခိုင်အမာ တည်ဆောက် ခဲ့ကြပြီး နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသော ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများကို လည်း အစဉ်တစ်စိုက် ဆောင်ရွက် ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် ဇွန်လ ၂၇ ရက် တွင် ယဉ်ကျေးမှု စင်တာများ အပြန်အလှန်ထူထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြပြီး စာချွန်လွှာ တွင် ယဉ်ကျေးမှုဆိုင်ရာ ပြပွဲများ ဆောင်ရွက်ခြင်း လည်း ပါဝင် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ရင်းနှီးကျွမ်းဝင်မှု တည်ဆောက်ရာတွင် ပန်းချီအနုပညာ က နူးညံ့ ပြီး နားလည်ခံစားလွယ် သည့် ပေါင်းကူးတံတား ဖြစ်ကာ နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် အနုပညာ ဆိုင်ရာ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် တရုတ် နိုင်ငံ အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ပြုလုပ် ခဲ့သည့် “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ ကျန်းကျန်ကျုံး က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က ရှည်လျားသည့် သမိုင်းကြောင်း ဆက်ဆံရေး တည်ရှိခဲ့ပြီး ယဉ်ကျေးမှု နှင့် အနုပညာ ဆက်ဆံရေး က ယင်း ဆက်ဆံရေး အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ယဉ်ကျေးမှုများ မှာ နှစ်ပေါင်း ၅,၀၀၀ ကျော် အထိ ကြာမြင့် လာခဲ့ပြီး ဖြစ်ကာ တရုတ် နိုင်ငံ ၏ ရေဆေးပန်းချီ များ မှာလည်း တရုတ် နိုင်ငံ ယဉ်ကျေးမှု အား အဓိက ကိုယ်စားပြုသည့် အနုပညာ တစ်ရပ် ဖြစ်ကြောင်း ၊ ယခု အကြိမ် မြန်မာ နိုင်ငံ သို့ လာရောက် ပြသပေးသည့် ပန်းချီကားချပ် များက တရုတ် နိုင်ငံ အနုပညာ ကဏ္ဍ နှင့် ရေဆေးပန်းချီ ကဏ္ဍ ၏ ထိပ်တန်း လက်ရာများကို ကိုယ်စားပြုနိုင်ကြောင်း ၊ ယခု ပြပွဲ မှတစ်ဆင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများ ကို တွန်းအားပေး နိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် သိရှိ နားလည်မှု ကိုလည်း တိုးမြှင့် ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များက “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တရုတ် နိုင်ငံ တောတောင်ရေမြေ နှင့် ပတ်သက်သည့် တရုတ် နိုင်ငံ ထိပ်တန်း ရေဆေး ပန်ချီးကားချပ်များ အား ကြည့်ရှုလေ့လာ ခဲ့ကြသည်။ ထို့နောက် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပန်းချီပညာရှင်များ က ပန်းချီအနုပညာ နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြပြီး သဘောထား အမြင်များအား ဖလှယ် ခဲ့ကြသည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စု ဝန်ကြီး ဦးကြည်မင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ ကျန်းကျန်ကျုံး (Zhang Jiangzhou) က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ဖွင့်ပွဲ အခမ်းအနား တက်ရောက်သည့် ဧည့်သည်တော်များ က ပန်ချီးကားချပ်များ အား ကြည့်ရှုလေ့လာ နေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပန်းချီပညာရှင်များ က ပန်းချီအနုပညာ နှင့် ပတ်သက်၍ ဆွေးနွေး ဖလှယ်မှု များ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ပြုလုပ် ခဲ့သည့် “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ပြုလုပ် ခဲ့သည့် “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ တွင် ပြုလုပ် ခဲ့သည့် “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း များအား တွေ့ရစဉ်(ဆင်ဟွာ)

“တရုတ်မူဟန်ပန်” ပန်းချီပြပွဲ အား တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ နှင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တို့ မှ ဦးစီးကျင်းပ ပေး ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် မှ နိုဝင်ဘာ ၂၅ ရက် အထိ စိန်းလန်းစိုပြည်သော တရုတ် နိုင်ငံ ၏ တောတောင်ရေမြေ သဘာဝ အလှ ထိပ်တန်း ပန်းချီကား ၄၃ ကား ကို အများပြည်သူများ လာရောက် ကြည့်ရှု နိုင်ရန် အတွက် အခမဲ့ ခင်းကျင်း ပြသ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)