Connect with us

Europe

လက်စတာစီးတီး ဘောလုံးကလပ်ပိုင်ရှင်၏ ရဟတ်ယာဉ်ပျက်ကျ

လက်စတာစီးတီး ဘောလုံးကလပ်ပိုင်ရှင်၏ ရဟတ်ယာဉ်ပျက်ကျကာ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သော လက်စတာစီးတီး ပိုင်ရှင်၏ ရဟတ်ယာဉ်သည် အောက်တိုဘာလ ၂၇ ရက်က အသင်း၏ အားကစားရုံ King Power ပြင်ပ၌ ကစားပွဲအပြီး ပျံတက်ပြီးနောက် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကလပ်အား ၂၀၁၀ ခုနှစ်က ဝယ်ယူခဲ့သူ ထိုင်းနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် Vichai Srivaddhanaprabha နှင့် ၎င်း၏ သား ဖြစ်သူ ကလပ်၏ ဒုတိယဥက္ကဋ္ဌ Aiyawatt တို့ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။လက်စတာစီးတီး ပြောခွင့်ရပုဂ္ဂိုလ်က “ King Power အားကစားရုံမှာဖြစ်ခဲ့တဲ့ မတော်တဆမှုကြီးမှာ လက်စတာရှိုင်းယား ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ကူညီပေးနေပါတယ်” ဟု ကြေညာချက်တွင် ပြောကြားခဲ့သည်။

“အခြား အချက်အလက်များ သိရရင် အသေးစိတ်အချက်အလက်များ ပါတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ပါ့မယ်” ဟု ၎င်းက ဆိုသည်။အားကစားရုံအနီးရှိ ကားပါကင်တွင် လေယာဉ်အပျက်အစီးကြီးတစ်ခု မီးလောင်ကျွမ်းနေသည်ကို တွေ့ရကြောင်း တွစ်တာတွင် တင်ထားသည့် ဗီဒီယိုပြကွက်အရ သိရသည်။လက်စတာပရိသတ်တစ်ဦးဖြစ်သူ John က ရဟတ်ယာဉ်မှာ ထိန်းချုပ်မရဘဲ ပတ်ချာလည်နေချိန်တွင် ၎င်းသည် ကလပ်ဘားတွင် ၎င်း၏တူဖြစ်သူနှင့်ရှိနေခဲ့ကြောင်း၊ ရဟတ်ယာဉ်မှာ မထိန်းနိုင်ဖြစ်ပြီး အောက်ပြုတ်ကျကာ စက္ကန့်ပိုင်းအတွင်း မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း Sky သတင်းသို့ ပြောကြားခဲ့သည်။အဆိုပါ ရဟတ်ယာဉ်သည် ဘောလုံးပွဲစဉ်တိုင်း ကလပ်ထိပ်ပိုင်း တာဝန်ရှိသူများအား ပို့ဆောင်လေ့ရှိပြီး ပွဲပြီးသည့်နောက် ပြန်လည်ထွက်ခွာလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.