Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၆ ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံတွင် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးနေသည်များကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်တွင် အမည်မသိ သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်တစ်ဦးအပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ပြည်နယ်၏ Zurmi နယ်မြေ Gurbin ကျေးရွာတွင် အကြမ်းဖက်သမားများက တရကြမ်းဝင်ရောက် တိုက်ခိုက်မှုကြောင့် သေဆုံးသူများအနက် ၃ ဦးမှာ ဒဏ်ရာများစွာ ရရှိထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ကျေးရွာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွအရေအတွက်မှာ ၁၀၀ ဦး ခန့်ရှိကြောင်း သိရသည်။

စစ်သွေးကြွများက ရဲကားတစ်စီးအပါအဝင် မော်တော်ကား ၁၁ စီးကို မီးရှို့ခဲ့ကြောင်း၊ ဒေသခံများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် သုံးစီးလည်း မီးလောင်ကျွမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mohammed Shehu က ဆင်ဟွာသို့ ပြောကြားခဲ့သည်။တိုက်ခိုက်သူများအား ဖမ်းမိရေးအတွက် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေပြီဖြစ်ကြောင်း Shehu က ဆိုသည်။

တိုက်ခိုက်သူများမှာ တောပုန်းဓားပြစခန်းရှိသည်ဟု ယူဆရသော Dumburum တောမှ ထွက်လာသည်ဟု သံသယရှိကြောင်း ၎င်းက ဆိုသည်။ထို့ပြင် ဈေးဆိုင် ၁၃ ဆိုင်ကိုလည်း တိုက်ခိုက်သူများက ဖျက်စီးခဲ့ကြောင်း ဒေသခံအစိုးရ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)