ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် မျက်စိ အတွင်းတိမ် ကုသရေးအဖွဲ့” နှင့် “ဝိသာခါဖောင်ဒေးရှင်း”တို့မှ ပူးပေါင်းကျင်းပသည့် စက္ခုအလင်းဒါန “အလင်းရောင်ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနားကို ယနေ့(အောက်တိုဘာ ၂၅ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) နေပြည်တော်၊ ပျဉ်းမနားမြို့၏ နှစ် ၁၀၀ ပြည့် မီးထွန်းပွဲနှင့် နှစ်ကျိပ် ရှစ်ဆူ မြတ်စွာဘုရားများ လှည့် လည် အပူဇော်ခံပွဲကို ယနေ့ ညနေပိုင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ အနှစ် ၁၀၀ အတွင်း လှည့်လည်...
ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသို့တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ရွှေညောင်မြို့၌ ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲသူ အမျိုးသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ပါလီမန်သည် ဝန်ကြီးချုပ်အသစ် Adel Abdul Mahdi ၏ အစိုးရအဖွဲ့ဝင် ၂၂ဦး အနက် ၁၄ဦးအား အတည်ပြုပေးပြီးနောက် ၎င်းသည် အီရတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့ တွင် အမျိုးသား ၃ ဦးထံမှ တစ်လုံးထိုးကျည် ၇၇၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုဆိပ်ကမ်း ၌ အမေရိကန်အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေး (CBP) အရာရှိများသည် အိုင်ဖုန်းအစိတ်အပိုင်းအတု ၅,၀၀၀နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် လွယ်ရင်းကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၃ ဧက အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ...
နယူးဒေလီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် တွင် အောက်တိုဘာ ၂၄ ရက်က စပိဘုတ်တစ်စီး တိမ်းမှောက်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂၄ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးယောက် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဟောင်း အိုဘားမား နှင့် ယခင်ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန် တို့ထံ ဦးတည်၍ ပေးပို့လိုက်သော သံသယဖြစ်ဖွယ် အထုတ်များကို ကြားဖြတ် ဖော်ထုတ်တားဆီးနိုင်ခဲ့ပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာ ၂၄ ရက်တွင် နယူးယောက်မြို့ရှိ CNN ရုံးသို့ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေးပို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။