Connect with us

Politics, Law & Military

ချင်းပြည်နယ် ဟားခါးမြို့ ၌ အမျိုးသား ၃ ဦးထံမှ တစ်လုံးထိုးကျည် ၇၇၀ တောင့် သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် တစ်လုံးထိုးကျည်များအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဟားခါးမြို့ တွင် အမျိုးသား ၃ ဦးထံမှ တစ်လုံးထိုးကျည် ၇၇၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၀၁း၀၀နာရီ အချိန်တွင် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် မြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းခွဲ၌ လူ ၃ ဦး မောင်းလာသည့် ဆိုင်ကယ် ၂ စီးအားတွေ့ရှိ၍ ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်း နာရီစင်လမ်းဆုံ၌ မာန်ဟေးလျန်း (၄၃)နှစ် ပါ ကျား ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ ဆိုင်ကယ် ၂ စီးပေါ်ရှိ ပီနံအိတ် ၂ အိတ်အတွင်းမှ Shaktiman Express တံဆိပ်ပါ စက္ကူဗူး ၇၇ ဗူး အတွင်းမှ (၄.၈)တစ်လုံးထိုး ကျည် ၇၇၀ တောင့်အား သိမ်းဆည်းရမိခဲ့သဖြင့် မာန်ဟေးလျန်းပါ ၃ ဦး(ဖမ်းမိ)အား ဟားခါးမြို့မရဲစခန်း(ပ) ၇၀၁/၂၀၁၈၊ ချင်းဝိသေသတိုင်းဥပဒေပုဒ်မ ၃၄(၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.