Connect with us

Africa & Middle East

အီရတ်ဝန်ကြီးချုပ် အဖြစ် Adel Abdul Mahdi ကျမ်းသစ္စာကျိန်ဆို

အီရတ်နိုင်ငံ ဝန်ကြီးချုပ်သစ် Adel Abdul Mahdi အားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ပါလီမန်သည် ဝန်ကြီးချုပ်အသစ် Adel Abdul Mahdi ၏ အစိုးရအဖွဲ့ဝင် ၂၂ဦး အနက် ၁၄ဦးအား အတည်ပြုပေးပြီးနောက် ၎င်းသည် အီရတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

Abdul Mahdi တင်သွင်းသော အစိုးရအစီအစဉ်အား ပါလီမန်က အတည်ပြုနိုင်သည်အထိ သန်းခေါင်ယံအချိန်ကျော်အောင် ပါလီမန်အစည်းအဝေးပြုလုပ်ကာ အစိုးရအဖွဲ့ဝင် ၁၄ဦးနှင့် ပတ်သက်၍ အကြိတ်အနယ်ဆွေးနွေးကာ အတည်ပြုခဲ့ပြီးနောက် Mahdi နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင် ၁၄ဦးတို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ပါလီမန်ဥက္ကဋ္ဌ Mahammed al-Halbousi က ပါလီမန်ကိုယ်စားလှယ်များ၏ အမည်အား တစ်ဦးချင်းစီ ဖတ်ကြားစဉ် ပါလီမန်အစည်းအဝေးသို့ တက်ရောက်လာသော ပါလီမန်ကိုယ်စားလှယ် ၂၀၀ဦး သည် ဝန်ကြီးချုပ်သစ် သိရှိစေရန် လက်ထောင်၍ အသိပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.