Connect with us

Politics, Law & Military

နှစ် ၁၀၀ ပြည့် နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲ နေပြည်တော်တွင် ကျင်းပ

နေပြည်တော် ပျဉ်းမနား မင်္ဂလာ ရှမ်းကန်အတွင်း ရာပြည့် မီးထွန်းပွဲ ကျင်းပစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ပျဉ်းမနားမြို့၏ နှစ် ၁၀၀ ပြည့် မီးထွန်းပွဲနှင့် နှစ်ကျိပ် ရှစ်ဆူ မြတ်စွာဘုရားများ လှည့် လည် အပူဇော်ခံပွဲကို ယနေ့ ညနေပိုင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ရာ အနှစ် ၁၀၀ အတွင်း လှည့်လည် အပူဇော်ခံခဲ့သည့် ပြောင်းလဲလာသော အခြေအနေများအား သရုပ်ဖော်မှုများ၊ မြန်မာ့ရိုးရာ သိုင်းအကများ၊ ခြင်းလုံး အလှခတ်ပြပွဲများလည်း ပါဝင်ခဲ့သည်။

ရှေးအကျဆုံး နှစ်များတွင် မြတ်စွာဘုရား ရုပ်ပွားတော်များအား ပခုံးဖြင့်ထမ်းကာ လှည့်လည် အပူဇော် ခံခြင်း၊ နောက်ပိုင်းတွင် ဆိုက္ကားများဖြင့်၊ ထို့နောက် ဂျစ်ကားများဖြင့်၊ ယခုနှောင်းပိုင်းတွင် မော်တော် ကားကြီး များဖြင့် လှည့်လည်ခဲ့ကြပုံများကို ပျဉ်းမနားမြို့ ရွှေချီရပ်ရှိ နံတော်စဉ် ဝတ်ဖြူ တော်အသင်း ကြီးက ယနေ့နေလယ်ပိုင်းမှ စ၍ မြို့တွင်း၌ သရုပ်ပြ လှည့်လည်ခဲ့သည်။

နေပြည်တော် ပျဉ်းမနား မင်္ဂလာ ရှမ်းကန်ထောင့်တွင် ရိုးရာ သိုင်းပြပွဲနှင့် ခြင်းလုံးအလှခတ်ပြပွဲများ ကျင်းပစဉ်။(ဆင်ဟွာ)

နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ လှည့်လည် အပူဇော်ခံရန် ဓမ္မာရုံမှ ပင့်ဆောင်လာစဉ်။(ဆင်ဟွာ)

နေပြည်တော် ပျဉ်းမနား မြို့တွင်း၌ လှည့်လည် အပူဇော်ခံစဉ်။(ဆင်ဟွာ)

မြတ်စွာဘုရားများအား ပင့်ဆောင်ရန် ဝတ်အသင်း အသီးသီးက ဓမ္မစကြာ ရွတ်ဖတ် ပူဇော်ကြစဉ်။(ဆင်ဟွာ)

အဆိုပါ ပူဇော်ပွဲကို နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ကိန်းဝပ်စံပ္ပါယ်ရာ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်း၊ တပ်တွင်း ဓမ္မာရုံမှ ညနေ ၄ း ၀၀ နာရီခန့်တွင် နေပြည်တော် မြို့တော်ဝန်က စတင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဝတ် အသင်းအသီးသီး၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ အသင်းအားများ၊ ဓမ္မစြင်္ကာ အဖွဲ့ များ လိုက်ပါလျက် ရုပ်ပွားတော်များကို ကား ၂၈ စီးတို့ဖြင့် မြို့တွင်းအနှံ့ လှည့်လှည် အပူဇော်ခံခြင်း၊ ညပိုင်းတွင် အလှမီးများဖြင့် ပြိုင်ပွဲဝင်ခြင်းများ ဆောင်ရွက်ကြကာ ထိုသို့ လှည့်လည်ခြင်းကို အရပ် ဘက် အဖွဲ့အသီးသီးနှင့် ဌာနဆိုင်ရာ အရာရှိအချို့ ပါဝင်သော အမှတ်ပေး ဒိုင်အဖွဲ့က အမှတ်ပေးကြ မည် ဖြစ်သည်။

ရာပြည့် ပူဇော်ပွဲတွင် ဝတ်အသင်း ရှစ်ခုတို့မှ အကြီးအကဲများ ဦးစီးသော ဖျော်ဖြေရေး ကား ရှစ်စီး တို့ကလည်း သတ်မှတ်ထားသော နေရာများတွင် မိုးအလင်း သီဆို ဖျော်ဖြေသွားမည် ဖြစ်ကြောင်း၊ မင်္ဂလာ ရှမ်းကန်ရှိ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် တည်ရှိရာ public area တွင် မြန်မာ့ရိုးရာ သိုင်း အကများ၊ ခြင်းလုံး အလှခတ်ပြပွဲများကို ပြီးခဲ့သည့် သုံးရက်ခန့်က ရာပြည့် ပူဇော်ပွဲ အကြိုအဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.