ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ တရုတ်စာပြဇာတ်ပြိုင်ပွဲကို စက်တင်ဘာလ ၃၀ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့အတွင်းမှ ကျပ် ၁၆၅၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများကို စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယတ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ် ဆော့ဒါ (Salman bin Abdulaziz AL Saud) နှင့် ရေနံဈေးကွက် တည်ငြိမ်ရေးအတွက် ရေနံရောင်းအားနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၉...
ကိဗ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသ အစိုးမဟုတ်သောအဖွဲ့အစည်း ထိန်းချုပ်ထားသော Makiivka မြို့တွင် ဘုံဘိုင်ရေ သောက်သုံးမိသဖြင့် လူ ၁၁၇ ဦး ထက်မနည်း အဆိပ်သင့်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဂျကာတာ၊ စက်တင်ဘာလ ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် စက်တင်ဘာလ ၂၈ ရက်က အင်အားပြင်းငလျင်များ ကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၈၃၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဆီးရီးယားအစိုးရ ခွင့်ပြုထားခြင်းမရှိသည့် ပြည်ပစစ်တပ်များကို ချွင်းချက်မရှိ ချက်ချင်း ထွက်ခွာ သွားရန် တောင်းဆိုကြောင်း ဆီးရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Walid Muallemက စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေး၌ ပြောကြားခဲ့ သည်။
ကဘူးလ်၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Parwanပြည်နယ်တွင် စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ် အစိုးရအရာရှိ တစ်ဦးက စက်တင်ဘာ ၂၉ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကလေးဝ-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၂၃၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆစ်ဒနီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မြို့တော်ဆစ်ဒနီ၌ စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးမှုတစ်ခုအတွင်း အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့တွင် ကိုကင်း ၅၀၀ ကီလိုဂရမ်နှင့်ပတ်သက်နေကြောင်း အာဏာပိုင်များက စနေနေ့ကပြောကြားပါသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ မော်ဟန်-နမ္မချီး ခရီးသွားလမ်း၌ မူးယစ်ဆေးဝါး ၂၂ဝ ဂရမ်နှင့် ဆေးပြား ၉ဝဝ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။