Connect with us

International Organizations

ခွင့်ပြုထားခြင်းမရှိသည့် ပြည်ပစစ်တပ်များ အမြန်ဆုံး ထွက်ခွာသွားရန် ဆီးရီးယားအစိုးရက တောင်းဆို

ဆီးရီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Walid Muallemအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ဆီးရီးယားအစိုးရ ခွင့်ပြုထားခြင်းမရှိသည့် ပြည်ပစစ်တပ်များကို ချွင်းချက်မရှိ ချက်ချင်း ထွက်ခွာ သွားရန် တောင်းဆိုကြောင်း ဆီးရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Walid Muallemက စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေး၌ ပြောကြားခဲ့ သည်။

ဆီးရီးယားအစိုးရ ခွင့်ပြုထားခြင်းမရှိသည့် ပြည်ပစစ်တပ်များရှိနေခြင်းသည် တရားမဝင်ဖြစ်ပြီး နိုင်ငံတကာဥပဒေ၊ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ပေါ်ပေါ်ထင်ထင် ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ၊ ဆီးရီးယား၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ကြောင်း ၊ ထို့အပြင် ဆီးရီးယား၏ အကြမ်းဖက်ဆန့်ကျင်ရေးကြိုးစားမှုများ ဖျက်ဆီးရာရောက်သလို ဒေသတွင်းတည်ငြိမ်လုံခြုံရေးကို အန္တရာယ် ဖြစ်စေကြောင်း Walid Muallemက ပြောကြားခဲ့သည်။

ထို့အပြင် ဆီးရီးယားအနေဖြင့် ဆီးရီးယားအစိုးရခွင့်ပြုချက် မရှိဘဲ ရှိနေသည့် ပြည်ပ စစ်တပ်များ ဖြစ်သည့် အမေရိကန် ၊ ပြင်သစ်၊ တူရကီ အပါအဝင် ပြည်ပစစ်တပ်များကို နယ်မြေသိမ်းပိုက်သည့် စစ်တပ်ဟု သဘောထားပြီး သက်ဆိုင်ရာနည်းလမ်းများနှင့်ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အဆိုပါစစ်တပ်များ ဆီးရီးယားမှ ချွင်းချက်မရှိ ချက်ချင်း ထွက်ခွာသွားရန် တောင်းဆိုကြောင်း ပြောကြားခဲ့ သည်။

ဆီးရီးယားနိုင်ငံ၌ ၇ နှစ်ကျော် စစ်ဖြစ်ပွားပြီးနောက် လက်ရှိ လုံခြုံရေးအခြေအနေမှာ တည်ငြိမ်လာ ပြီဖြစ်ပြီး အကြမ်းဖက်ဆန့်ကျင်ရေးတိုက်ပွဲများကလည်း အဆုံးသတ်တော့မည်ဖြစ်ရာ စစ်ဘေးရှောင် ဒုက္ခသည်များ မိမိအိုးအိမ်သို့ပြန်လာနိုင်ပြီဖြစ်ကြောင်း ၊ ဆီးရီးယားအနေဖြင့် အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့်နယ်မြေပိုက်နက် ထိန်းသိမ်းစောင့်ရှောက်မှုကို အခြေခံပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အားထားဆောင်ရွက်နေကြောင်း Walid Muallemက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.