Connect with us

Politics, Law & Military

မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါး ၂၂ဝ ဂရမ်နှင့် ဆေးပြား ၉ဝဝ ဖမ်းမိ

(CCDAC Mynamar)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ မော်ဟန်-နမ္မချီး ခရီးသွားလမ်း၌ မူးယစ်ဆေးဝါး ၂၂ဝ ဂရမ်နှင့် ဆေးပြား ၉ဝဝ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးညှင်းခရိုင် ရဲတပ်ဖွဲ့ဝင်များသည် မော်ဟန်ရဲကင်းရဲစခန်းနှင့်ပူးပေါင်း၍ မူးယစ်ဆေး သတင်းအရ မော်ဟန်-နမ္မချီး ခရီးသွားလမ်းမပေါ်၌ စောင့်ဆိုင်းနေစဉ် နမ္မချီးမှော်ဘက်မှ မော်ဟန် ကျေးရွာဘက်သို့ လောက်စယ်မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ဖြူ/ဝါ ကြားအမှုန့် ၁ဝ ဂရမ်ပါ ၂၂ ခွက်နှင့်ပန်းရောင် (ဒေသကာလပေါက်ဈေး ငွေကျပ် ၁၇၆ သိန်း)နှင့် ဆေးပြား ၁၈ဝ ပါ ငါးထုတ် စုစုပေါင်း ဆေးပြား ၉ဝဝ(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၂၇ သိန်း) ကို တွေ့ရှိ သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၅ဝ ခန့်တွင်လည်း ဆိုင်ကယ်စီးနင်းလာသူ အောင်အောင်နှင့်ကျော်သီဟတို့အား သတင်းအရ စစ်ဆေးရာတွင်လည်း ဖြူ/ဝါ စုစုပေါင်း ၁ ဒသမ ၁ ဂရမ်ပါ ပုလင်းလေးလုံးအား ထပ်မံသိမ်းဆည်းရမိ ကြောင်း သိရသည်။ ယင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသော တရားခံများကိာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။( Xinhua)