ဂျေရုဆလင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတောင်ပိုင်းဒေသကို မေလ ၂၉ ရက်နေ့က တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အစ္စရေးစစ်သား ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ၊ဒဏ်ရာရသူများအား ဆေးရုံသို့ ကုသရန်ပို့ဆောင်ပြီးဖြစ်ကြောင်း အစ္စရေးစစ်တပ်က အခင်းဖြစ်ပွားသည့်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Fernando Huanacuni Mamani နှင့် ပေကျင်းမြို့၌ မေ ၂၉ ရက်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အစိုးရအဖွဲ့၏ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ကိဗ်၊မေ၃ဝ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ART ရုပ်မြင်သံကြားအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ ရုရှားနိုင်ငံသားသတင်းသမား Arkadiy Babchenko သည် မေလ ၂၉ ရက်တွင် ကိဗ်မြို့(Kiev) ၌ အသတ်ခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်။ မေ ၂၉ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အခွန်ထမ်းပြည်သူများ အနေဖြင့် မည်သည့် ဘဏ်မှမဆို အွန်လိုင်း မှ အခွန်ပေးဆောင်ခြင်းအား ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို ဗဟိုဘဏ်က စတင် ဆောင်ရွက်လျက်၇ှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကရှင်းလင်း ပြောကြားခဲ့သည်။
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ဒုတိယ တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် သဘာ၀ ဘေးအန္တရာယ်များ ကျ ရောက် ချိန်တိုင်းတွင် တပ်မတော်သည် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်...
နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ) အသက် ၁၈ နှစ် မပြည့်သေးသော စစ်သည် ၆၇ ဦးတို့အား မိဘ အုပ်ထိန်းသူများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) နိုဝင်ဘာလတွင် ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo= CIIE) သို့ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၁၃၀၀ ကျော် တက်ရောက်ရန် အတည်ပြုခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေး ကော်မတီက ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ၌ ကဏ္ဍကြီး ၇ခုအတွက် ကျပ် ၄၂သန်းကျော် ကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။