Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် ဘိုလီးဗီးယား နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Fernando Huanacuni Mamani (ဝဲ) တို့ပေကျင်းမြို့၌ မေ ၂၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Fernando Huanacuni Mamani နှင့် ပေကျင်းမြို့၌ မေ ၂၉ ရက်တွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝမ်က တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နိုင်ရန်၊ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု မူဘောင်အောက်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ နိုင်ငံတကာ နှင့် ဒေသတွင်းအရေးကိစ္စများတွင် ညှိနှိုင်းဆွေးနွေးမှုများ ခိုင်မာလာစေရန် အတွက် ဘိုလီးဗီးယားနိုင်ငံ နှင့် အဆင့်မြင့် ဖလှယ်မှုများကို ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဖက် နှင့် တစ်ဖက် ပြီးပြည့်စုံစေပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသော Win-Win ရလဒ်များကို ရရှိစေကြောင်း၊ တရုတ်-လက်တင်အမေရိက ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ကို အဆက်မပြတ်တိုးတက်လာစေရန် တရုတ်နိုင်ငံ က အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

Huanacuni က ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ကို ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ သည် အရေးကြီးသော အားတစ်ခု ဖြစ်ကြောင်း နှင့် နှစ်ကာလရှည်များစွာ ဘိုလီးဗီးယားနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်း က ဘိုလီးဗီးယားနိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု၊ လက်တင်အမေရိက နှင့် တရုတ်နိုင်ငံအကြား အလုံးစုံပူးပေါင်းဆောင်ရွက်မှုတို့တွင် တရုတ်နိုင်ငံ နှင့် အတူကတွလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.