Connect with us

Economy

ရှန်ဟိုင်းတွင် ပြုလုပ်မည့် နို်င်ငံတကာ သွင်းကုန်ပြပွဲအတွက် ကုမ္ပဏီပေါင်း ၁၃၀၀ ကျော် စာရင်းသွင်း

တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ ပြုလုပ်မည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

နိုဝင်ဘာလတွင် ပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ (China International Import Expo= CIIE) သို့ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီပေါင်း ၁၃၀၀ ကျော် တက်ရောက်ရန် အတည်ပြုခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေး ကော်မတီက ပြောကြားခဲ့သည်။

ကမ္ဘာ့ထိပ်တန်းအဆင့် ကုမ္ပဏီ ၅၀၀ စာရင်းထဲမှ ကုမ္ပဏီ ၁၀၀ နှင့် စက်မှုလုပ်ငန်းအမျိုးမျိုးမှ ဦးဆောင်စီးပွားရေးလုပ်ငန်းများ အပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၀ ကျော်မှ ကုမ္ပဏီများ တက်ရောက်မည် ဖြစ်ကြောင်း National Exhibition and Convention Center (Shanghai) ဒုတိယ ဌာနမှူး Ning Feng ၏ ပြောကြားချက်အား ကိုးကား၍ People’s Daily က ဖော်ပြခဲ့သည်။

ဝင်ရောက်ပြသမည့် ကုမ္ပဏီများမှာ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ၃၄ ရာခိုင်နှုန်းဖြစ်ပြီး ၁၀ ရာခိုင်နှုန်းက ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှဖြစ်ကြောင်း၊ ထို့ပြင် ခေတ်သစ်ပိုးလမ်းမကြီး အဖွဲ့ဝင်နိုင်ငံများမှ ၃၄ ရာခို်င်နှုန်းရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းတွင် ပြုလုပ်မည့် CIIE သို့ တရုတ်နိုင်ငံ ပြည်တွင်းနှင့် ပြည်ပမှ ဝယ်ယူသူ ၁၅၀,၀၀၀ အထက်ရှိနိုင်ကြောင်း မျှော်မှန်းထားသည်။

ပြပွဲ အကျယ်အဝန်းသည် စတုရန်းမီတာ ၂၄၀,၀၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး ကော်မတီက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117