Connect with us

Eastern Europe

ရုရှားဂျာနယ်လစ်တစ်ဦး ယူကရိန်းနိုင်ငံမြို့တော်၌ အသတ်ခံရ

အသတ်ခံရသော ရုရှားနိုင်ငံသား သတင်းသမား Arkadiy Babchenko အားတွေ့ ရစဉ်(ဆင်ဟွာ)

ကိဗ်၊မေ၃ဝ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ART ရုပ်မြင်သံကြားအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ ရုရှားနိုင်ငံသားသတင်းသမား Arkadiy Babchenko သည် မေလ ၂၉ ရက်တွင် ကိဗ်မြို့(Kiev) ၌ အသတ်ခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

Babchenko သည် ၎င်း၏ နေအိမ်လှေကား၌ နောက်ကျောဘက်မှ အပစ်ခံရကြောင်း နှင့် ဆေးရုံသို့ပို့ဆောင်စဉ် လူနာတင်ယာဉ်ပေါ်၌ သေဆုံးသွားကြောင်း ယူကရိန်းရှေ့နေ Anton Gerashchenko က ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

ကိဗ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ Andriy Kryschenko က လူသတ်သမား၏ ဦးတည်ချက်အကြောင်းအရင်းကို စုံစမ်းရာတွင် Babchenko သတင်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို စစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ Babchenko သည် Moskovsky Komsomolets သတင်းဌာန နှင့် အခြားမော်စကိုမြို့အခြေစိုက် သတင်းဌာနပေါင်းများစွာအတွက် စစ်သတင်းထောက်တစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးကြောင်း သိရသည်။

၎င်းသည် မော်စကိုမြို့မှ ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့(Prague) သို့၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေ့ပြောင်းခဲ့ပြီး ခြိမ်းခြောက်မှုအချို့ကို ကြုံတွေ့ခဲ့ရသည်။ ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် Babchenko သည် ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Babchenko သည် စစ်ပွဲနှင့်သက်ဆိုင်သော စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ စာရေးဆရာတစ်ဦးအဖြစ် လူသိများသည်။အဆိုပါ စာအုပ်များကို ဘာသာပေါင်း ၁၆ မျိုးထိ ပြန်ဆိုခဲ့ကြောင်း သိရသည်။

၎င်းအသတ်ခံရမှုသည် နှစ်နှစ်တာကာလအတွင်း ကိဗ်မြို့၌ နာမည်ကြီး သတင်းသမားတစ်ဦး ဒုတိယမြောက် အသတ်ခံရသည့် လူသတ်မှုတစ်ခုဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဇွန်လက Ukrainska Pravda အွန်လိုင်း စုံစမ်းထောက်လှမ်းမှု သတင်းစာအတွက် အလုပ်လုပ်ကိုင်နေသူ Pavel Sheremet သည် ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့လယ်ခေါင်း၌ ကားဗုံးပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.