ကူဝိတ်စီးတီး၊ မေ ၄ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ကူဝိတ်နိုင်ငံ ၌ ၂၀၁၇ခုနှစ်တွင် လမ်းမတော်တဆမှုပေါင်း ၇၀,၆၈၇ခု ဖြစ်ပွားခဲ့ပြီး ယင်းမတော်တဆမှုများ နှင့် ဆက်စပ်၍ လူ ၄၂၈ဦး သေဆုံးခဲ့ကြောင်း မေ ၃ရက် တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမ ကြီးပေါ် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားရှိ မိုင် ၂ဝ ရှည်သော ရှုခင်းသာတောင်ကြောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများသည် မေလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တူးနစ်၊ မေ ၄ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ မြို့တော် တူးနစ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးဒေသတွင် မေ ၃ရက် နေ့လည်ပိုင်းက ခရီးသည်တင် ရထား၂စင်း တိုက်မိရာ လူ ၁ဦးသေဆုံးပြီး အနည်းဆုံး လူ ၆၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှား ပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက် ၃နာရီခွဲကျော်က မောက်တောင်တစ်ခုပြိုကျမှုကြောင့် လူသေဆုံးမှုများရှိနိုင်ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
အစ္စလာမ်မာဘတ်၊ မေ ၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် တွင် မေလ ၃ရက် က အသေခံဗုံးခွဲသမားတစ်ဦးသည် ဘတ်စ်ကားတစ်စီး အနီး၌ အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu TV channels...
နယူးဒေလီ ၊ မေ ၄ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ မေလ ၃ ရက်နေ့ ၌ နိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် တွင် ခရီးသည် တင် ဘက်စ်ကား တစ်စင်း တိမ်းမှောက် ပြီးမီလောင်ကျွမ်းခဲ့ရာ...
ဆိုးလ် ၊ မေ ၅ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong သည် အမေရိကန်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က ယနေ့မေလ ၅ ရက်တွင် ပြောကြားသည်ဟု ဒေသခံမီဒီယာက ရေးသားဖော်ပြခဲ့သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးလောင်ပျက်စီးသွားသော မင်္ဂလာ ဈေးကြီးအား ယခုအခါ အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီးအဖြစ် လပေါင်း ၃ဝ အတွင်း အပြီးအကောင်အထည်ဖော်တည်ဆောက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြုံယမ်း ၊ မေ ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော် ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန်း က မေလ ၃ ရက်နေ့တွင် ပါတီ ဗဟိုဌာနချုပ်သို့...