Connect with us

Politics, Law & Military

မြောက်ကိုရီးယား နိုင်ငံ ထိပ်တန်း ခေါင်းဆောင် နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ တွေ့ဆုံဆွေးနွေး

မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအန်း နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မေ ၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ နှင့် နိုင်ငံတော် ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန်း က မေလ ၃ ရက်နေ့တွင် ပါတီ ဗဟိုဌာနချုပ်သို့ အလည်အပတ် ခရီးစဉ် အဖြစ်ရောက်ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က လတ်တလောရက်ပိုင်း အတွင်း မြောက်ကိုရီးယား နိုင်ငံ ထိပ်တန်း ခေါင်းဆောင် အနေဖြင့် တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ် ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကာ သမိုင်းဝင်သည့် တွေ့ဆုံမှု တစ်ခု ဖြစ်ခဲ့ကြောင်း ၊ တွေ့ဆုံ ဆွေးနွေးမှု မှ အရေးပါသည့် သဘောတူညီမှုများစွာ ရရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းစာမျက်နှာသစ်များ ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမိုမြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ကို ရောက်ရှိစေခဲ့ကြောင်း ၊ မိမိ အနေဖြင့် ယခု အကြိမ် လာရောက်လည်ပတ်ခြင်း သည်လည်း နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ရရှိထားသည့် သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် လက်တွေ့အခြေအနေ ပေါ်မူတည်၍ ပြတ်သားသည့် ဆုံးဖြတ်ချက်ချမှတ်ကာ ကိုရီးယားကျွန်းဆွယ်အရေး အား ကောင်းမွန်သည့် အခြေအနေ သို့ ရောက်ရှိအောင် ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြောက်-တောင် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ အောင်မြင်စွာတွေ့ဆုံနိုင်ခဲ့ပြီး သမိုင်းတွင်သည့် “Panmunjom ကြေညာစာတမ်း” ထုတ်ပြန် နိုင်ခဲ့ခြင်း အပေါ် ဂုဏ်ပြုထောက်ခံကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် အား တိုက်ပွဲအခြေအနေ ရပ်တန့်ကာ ငြိမ်းချမ်းရေး အခြေအနေသို့ ပြောင်းလဲမှု ကို ထောက်ခံကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ ၏ မဟာဗျူဟာ ဦးတည်ချက်အား စီးပွားရေး တည်ဆောက်မှု သို့ ပြောင်းလဲလာမှု နှင့် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား ကင်းစင်းရေး လုပ်ငန်းစဉ် အတွင်း မိမိ နိုင်ငံ လုံခြုံမှု ရရှိရေး အတွက် အလေးထား ဖြေရှင်းနေမှု တို့ကို ထောက်ခံအားပေးကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံ နှင့်အနီးကပ် ဆက်သွယ်ရေး ထားရှိသွားမည် ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကင်ဂျုံအန်း က မြောက်ကိုရီးယား-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး သည် နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်း တို့မှ ထားရှိခဲ့သည့် တန်ဖိုးကြီးမားသော အမွေအနှစ် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုခိုင်မြဲစေရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန် မှာ မြောက်ကိုရီးယား နိုင်ငံ ၏ ခိုင်မြဲသည့် မဟာဗျူဟာ ဦးတည်ချက် တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ်စဉ် အတွင်း တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် တွေ့ဆုံခဲ့ကာ သဘောတူညီမှုများစွာ ရရှိခဲ့ပြီး အောင်မြင်မှုလည်း များစွာ ရရှိခဲ့ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေးအား ပိုမိုမြင့်မား သည့် အဆင့်သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် ပေးဆပ်ဆောင်ရွက်မှုများအား လွန်စွာ ချီးမွမ်းပြီး တရုတ် နိုင်ငံ နှင့် မဟာဗျူဟာ ချိတ်ဆက်မှု ကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ၊ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး သည် မြောက်ကိုရီးယား နိုင်ငံ ၏ ခိုင်မြဲသည့် သဘောထား ရပ်တည်မှုဖြစ်ပြီး လတ်တလော ကာလ တွင် ကိုရီးယား ကျွန်းဆွယ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အတွက် လွန်စွာအရေးပါသည့် ပြောင်းလဲမှု များ ဖြစ်ပေါ်လာခဲ့ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တောင်ကိုရီးယား နိုင်ငံ နှင့် ဆက်သွယ်မှု ပြန်လည်ဖွင့်လှစ်ခြင်းမှ တစ်ဆင့် အပြန်အလှန် ယုံကြည်မှု ကို တည်ဆောက်ကာ ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးအား ခြိမ်းခြောက်နေသည့် အဓိက အရင်းအမြစ် ကို ရှာဖွေသွားလိုကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရိယောင်ဟို(Ri Yong Ho) ၏ ဖိတ်ကြားချက် အရ တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ သည် မေလ ၂ ရက်နေ့ မှ ၃ ရက်နေ့ အထိ မြောက်ကိုရီးယား နိုင်ငံ သို့သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.