ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးဆက်ခံရမှု အား မေလ ၁၅ ရက်က တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆိုင်ရာ ကျန်းမာရေး နှင့် မိသားစု စီမံကိန်း စီစဉ်ဆောင်ရွက်မှု ကော်မရှင် က ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။
ဘာလင် ၊ မေ ၁၆ ရက် (ဆင်ဟွာ) ဂျာမနီ အမှတ်ပေးေ ဘာလုံးပြိုင်ပွဲဝင် ဘိုင်ယန်မြူးနစ် အသင်းသည် ဘွန်ဒက်လီဂါဖလားကို လေးနှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ရာ အသင်းထောက်ခံသူများသည် မေလ ၁၅ ရက်တွင် အသင်း နှင့်အတူ အောင်ပွဲ ခံခဲ့ကြကြောင်း သိရသည်။
ဒန်၊ ယီမင်၊ မေ ၁၅ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း Hadramout ပြည်နယ်၌ မေလ ၁၅ ရက် အစောပိုင်းက ဖောက်ခွဲရေး ခါးပတ် ဝတ်ဆင်လာသည့် အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦးသည် ရဲတပ်သားသစ်များအကြား ဗုံးဖောက်ခွဲခဲ့ရာ သေဆုံး သူ ၃၀ ဦးအထိ...
ဒမတ်စကက်၊ မေ ၁၅ ရက် (ဆင်ဟွာ) မေလ ၁၄ ရက် အစောပိုင်းက အိုင်အက်စ် လက်သို့ ကျရောက်သွားသည့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီးယာ အယ်လ်-ဇောပြည်နယ်ရှိ ဆေးရုံအား ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင် ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ဟာဘင်၊ မေ ၁၅ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၂၅ နှစ်က လူ ခြောက်ဦးအား သတ်ခဲ့ကြောင်း သံသယရှိသူ တစ်ဦးအား တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း Heilongjiang ဒေသ၌ ဖမ်းမိခဲ့ကြောင်း ဒေသဆိုင်ရာရဲက မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီးခရိုင်လေးခရိုင်အတွင်း ၁၁-၆ ဒသမ ၆နှင့် ၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ဖြန့်ဖြူးရေးထရန်စဖော်မာအလုံး ၁၅၀ တပ်ဆင်ခြင်းလုပ်ငန်းများကို ရက်၁၀၀စီမံချက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပမည့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် (၂၀)ပြည့် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်မည်ဖြစ်သည်။
ရန်ကုန်၊ မေ ၁၅ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်းရှိခုံးကျော်တံတားများ ၏ အတက်၊ အဆင်း၌ရှိသော ဘတ်စ်ကား မှတ်တိုင်များကို ယခုလအတွင်း ရွှေ့ပြောင်း သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်း၊ တံတား)ဌာနမှ သိရသည်။
ထရန်၊ မေ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမှ သဘာဝဓာတ်ငွေ့ဆိုင်ရာ အရာရှိများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သဘာဝဓာတ်ငွေ့ သဘောတူညီချက် တစ်ရပ် ဆွေးနွေးရန်အတွက် အီရတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း အီရန် ရေနံ စွမ်းအင် သတင်းအချက်အလက် ကွန်ရက် (SHANA) က မေလ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ မေ၁၅ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံတွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။