Connect with us

Environment, Disasters & Accidents

မူဆယ်မြို့ ၏ အရှေ့တောင်ဘက် (၄၀)မိုင်ခန့်အကွာတွင် အင်အား ၄.၈ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၏ အရှေ့တောင်ဘက် (၄၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၃၉ ဒီဂရီ၊ အနက်(၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၃၈)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ ထိုငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)