Connect with us

Videos

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုကောင်းမွန်စွာတိုးတက်လျက်ရှိ

ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Zhou Xiaochuan က မတ်လ ၉ ရက်ကကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုကောင်းမွန်စွာတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Zhou က “တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပုံစံ ပြောင်းလဲလာပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ ဟာလည်း ပုံစံသစ်တစ်ခုကို ချဉ်းကပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ကြမ်းထုတ်လုပ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုပေါ်မှာ အခြေခံပြီး ပိုမိုအရည်အသွေးပြည့်မီတဲ့ စနစ်တစ်ခုသို့ပြောင်းလဲရောက်ရှိနေပြီ ဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာ ပြောနိုင်ပါတယ်။” ဟုဆိုသည်။ ၎င်း က စီးပွားရေးအခြေအနေ ပြောင်းလဲ လာသည်နှင့်အမျှ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုတိုးတက်လာတော့မှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံကပိုမိုပွင့်လင်းတဲ့ စီးပွားရေး လမ်းကြောင်းကို လျှောက်လှမ်းမှာဖြစ်ကြောင်းနှင့် ထိုသို့ လျှောက်လှမ်းရာတွင် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု တိုးမြင့်စေရုံမကဘဲ တရုတ်နိုင်ငံ၏ ပြည်တွင်း စီးပွားရေးကဏ္ဍ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆိုသည်။

နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Pan Gongsheng ကလည်း တရုတ်နိုင်ငံ၏ စီးပွားရေးအခြေခံအုတ်မြစ်က တည်ငြိမ်တိုးတက်လျက်ရှိ ကြောင်း၊ ငွေလဲလှယ်နှုန်းကလည်း တည်ငြိမ်လျက်ရှိပါကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းမှာ အခြေခံအားဖြင့် ဆက်လက်တည်ငြိမ်သွားတော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်ဗဟိုဘဏ်က အိမ်ရာချေးငွေမူဝါဒကို အစဉ်တစိုက်အကျိုးရှိအောင်ဆောင်ရွက်ထားပါကြောင်း၊ တရုတ်နိုင်ငံ၏ အိမ်ရာချေးငွေ၏ ယေဘူယျပုံရိပ်မှာ အလွန်ကောင်းမွန်ပြီး အိမ်ရာဈေးကွက်တွင်ဖြစ်ပေါ်သည့် ငွေကြေးဆုံးရှုံးနစ်နာမှုများကို လည်းထိန်းချုပ်ထား နိုင်သည့်အနေအထားတွင်ရှိကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117