ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွား ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အရှေ့အာရှ နှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ အက်ဇဲလ် ဗန် ထရော့စင်းဘာ့ဂ်သည် မြန်မာနိုင်ငံ၏ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေး မူဝါဒများကို အဓိက ဆွေးနွေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာတစ်ခု၌ လက်မထပ်ရသေးသည့် မိန်းမပျိုလေးများအား မိုဘိုင်းဖုန်း သုံးစွဲခွင့် တားမြစ်ထားကြောင်း ဟိန္ဒူစတန် တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
မနီလာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလ်တန် ကူဒါရက် ပြည်နယ် အစ်စပါရမ်ဇာမြို့ရှိ ပွဲတော်တစ်ခုတွင် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညပိုင်းက လက်ပစ်ဗုံး တစ်လုံးပေါက်ကွဲမှုကြောင့် ၆နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အခြား ၃၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင်...
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရားဝင် အထောက်အထားများမရှိဘဲ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခြားသား ၄၉ ဦးအား တရုတ်ရဲများက ဖမ်းဆီးမိခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၁ ရက်က ပြောသည်။
နန်နင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ရဲတပ်ဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရေး နှင့် ဖြန့်ချိရေး ဂိုဏ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ ခြောက်ဦး နှင့် မူးယစ်ဆေးဝါး ၄၀ ကီလိုဂရမ် ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျန်နိုင်းရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံရှိ မြို့အများအပြားတွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) အသုံးပြု၍ ဇီကာဗိုင်းရပ်စ်၊ သွေးလွန် တုပ်ကွေး အစရှိသည့်ရောဂါတို့ကို ပြန့်ပွားစေသော အေးဒီးစ် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ရှာဖွေဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုကို တိုင်းတာမှုရလဒ်ကို ဧပြီဒုတိယပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ဒမားစကက်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမားစကက်ရှိ ရှီအိုက်ခရိုင်တွင် ဖေဖော်ဝါရီ ၂၁ ရက်က ဗုံး သုံးလုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA တွင် ဖော်ပြထားသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အတွင်းရှိ ကျေးလက်ဒေသများ၌ ရေရှည် တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ်များဖြင့် ကျေးလက်ဒေသဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးစီမံကိန်း ပဉ္စမအဆင့်အား ယခု ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃.ဝ၃ သန်းဖြင့်...