Connect with us

Politics

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဥာဏ်ဝင်း နှင့် တရုတ် နိုင်ငံ လူမှုရေး သိပ္ပံ အကယ်ဒမီ ဥက္ကဋ္ဌ ဝမ်ဝေကွမ်းတို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း အပါအဝင် တာဝန်ရှိသူများ နှင့် တရုတ် နိုင်ငံ လူမှုရေး သိပ္ပံ အကယ်ဒမီ ဥက္ကဋ္ဌ ဝမ်ဝေကွမ်း (Wang Weiguang) ဦးဆောင်သော တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ တို့သည် ယနေ့ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံ ဆွေးနွေးမှုများ အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ဆက်ဆံရေး ၊ ချစ်ကြည်ရေး နှင့် (၁၉) ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ကျင်းပပြီးစီးမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး သဘောထား အမြင်များ ဖလှယ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံ ဆွေးနွေးမှုများ အပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

ထိုတွေ့ဆုံ ဆွေးနွေးပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ၊ ဦးဟံသာမြင့် နှင့် ဗဟိုကော်မတီဝင် မုံရွာအောင်ရှင် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ် ပါတီမှ ဝမ်ဝေကွမ်း နှင့်အတူ အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.