Connect with us

Environment, Disasters & Accidents

Cyclone Shelter ၈၅ လုံးအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနှံ့တည်ဆောက်သွားမည်

အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ကော်မတီ အစည်းအဝေး တွင်ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယ သမ္မတ (၂) အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင် တည်ဆောက်မည့် Cyclone Shelter ၈၅ လုံး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူက ပြောသည်။

“ကော်မတီရဲ့ သဘာဝဘေး ကြိုတင် ပြင်ဆင်ရေး လုပ်ငန်းတစ်ခု ဖြစ်တဲ့ Cyclone Shelters တွေ တည်ဆောက်ဖို့ ဆောင်ရွက်နေတာ ရှိပါတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက တည်ဆောက်မယ့် နေရာတွေကို ရွေးထားပြီးပါပြီ၊ တည်ဆောက်မှုကို အတွေ့အကြုံရှိတဲ့ ဆောက် လုပ်ရေး ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ရွေးချယ် ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး (၂/ ၂၀၁၇) အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ်များမှ တာဝန် ရှိသူများက ကွင်းဆင်း စိစစ်ပြီး ဖြစ်ကြောင်း၊ Cyclone Shelters ၈၅ ခုတို့မှာ ဧရာဝတီ တိုင်းဒေသကြီး တွင် ၅၆ ခု၊ ရခိုင်ပြည်နယ်တွင် ၂၆ ခု၊ ချင်းပြည်နယ်တွင် နှစ်ခုနှင့် ရှမ်းပြည်နယ်တွင် တစ်ခုတို့ ဖြစ်ကြ ကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူ – ကယ် – ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး (၂/ ၂၀၁၇) ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့ ပြုလုပ်သော အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (၂/ ၂၀၁၇) အစည်း အဝေးသို့ အဆိုပါ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပညာရှင်များ တက်ရောက် ခဲ့ကြပြီး ဒုတိယ သမ္မတက အဖွင့် မိန့်ခွန်း ပြောကြားခဲ့ကာ ၁/ ၂၀၁၇ အစည်းအဝေး ဆုံးဖြတ်ချက် အား ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဖတ်ကြားအပြီးတွင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ လူ – ကယ် – ပြန် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဆွေးနွေး တင်ပြခြင်း၊ ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ (၂) က အစည်းအဝေး နိဂုံးချုပ် လမ်းညွှန် မှာကြားခြင်းတို့ ဆက်လက် ဆောင်ရွက် ခဲ့ကြသည်။

အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အတွက် ရန်ပုံငွေ ရရှိသည့် အခြေအနေ များနှင့် ပတ်သက်ပြီး ၂၀၁၇ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက် အထိ မြန်မာ ကျပ်ငွေ ၃၁၉၇၆ ဒသမ ၁၈၁ သန်း၊ သုံးစွဲမှုပေါင်း ကျပ် ၁၄၀၉၇ ဒသမ ၀၀၈ သန်း၊ လက်ကျန်ငွေ ကျပ် ၁၇၈၇၉ ဒသမ ၁၇၃ သန်း၊ နိုင်ငံခြားငွေ ရရှိမှု အမေရိကန် ဒေါ်လာ ၁၀၀၅၈၇၇ ဒသမ ၃၄၊ သုံးစွဲ မှု ၈၁၇၇၁၁ ဒသမ ၁၅ နှင့် လက်ကျန် ၁၈၈၁၆၆ ဒသမ ၁၉ ဒေါ်လာ ကျန်ရှိပါကြောင်း၊ ကမ္ဘောဇဘဏ် စာရင်းသေ အပ်ငွေ တွင် ၂၀၁၇ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ အတိုးရငွေ ကျပ် ၃၄၁ ဒသမ ၁၄ သန်း ရှိသဖြင့် တိုးရင်း ပေါင်း ကျပ် ၃၄၄၁ ဒသမ ၁၄ သန်း ရရှိထားကြောင်း နှင့် မှတ်တမ်းတင် အတည်ပြုနိုင်ရေး အတွက် တင်ပြပါကြောင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူ – ကယ် – ပြန် ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.