ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွင်း လူကုန်ကူးမှု ကိုးမှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၁၁ဦးကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း Nayarit ပြည်နယ် Tepic မြို့တွင် ဖေဖော်ဝါရီလ ၉ ရက် ညပိုင်းက စစ်သားများနှင့် သေနတ်ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့မှုအတွင်း Beltran leyva မူးယစ်ဂိုဏ်း ၏ အဖွဲ့ဝင် ၁၂...
ပေကျင်း ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ သန့်စင်သော စွမ်းအင်အသုံးပြုရေးကို အားပေးမြှင့်တင်ရန် ကျေးလက်ဒေသများတွင် မီသိန်းဓာတ်အားပေးစီမံကိန်းများ(methane projects) အတွက် ယွမ်ငွေ ဘီလီယံ ၅ဝ ( အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံကျော်)ကို အစိုးရက ရင်းနှီးမြှုပ်နံှမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မနီလာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့၌ ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းက အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ အနည်းဆုံး ၁၅ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ယနေ့ (ဖေဖော်ဝါရီလ ၁၁...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ ဒီရေတောစိုက်ခင်း ဧက ၁၂၃၀ ကို ဆယ်နှစ်စီမံကိန်း အဖြစ်စိုက်ပျိုးရန် စီစဉ်နေကြောင်း အမျိုးသားလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးအုန်းဝင်းက ပြောကြားသည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဖော်ဆောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ဆယ်နှစ်ကြာ ပိတ်ထားခဲ့သော ကိုင်ရိုမြို့ရှိ အမဲလိုက်ပြတိုက် (Hunting Museum) အား ဖေဖော်ဝါရီလ ၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
လုအန်ဒါ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဂိုလာနိုင်ငံ Uige မြို့မြောက်ပိုင်းရှိ ဘောလုံးကစားကွင်း တစ်ခုအတွင်း၌ ပရိသတ်ကြား အချင်းချင်း တိုးဝှေ့ရာမှ အနည်းဆုံး လူပေါင်း ၁၇ ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖေဖော်ဝါရီလ ၁ဝ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ဂျကာတာ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဘာလီကျွန်း၌ ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်း ၁၃ ဦးထိရှိလာပြီး အခြား ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဘာလီသဘာဝဘေးအန္တရာယ်အေဂျင်စီမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ပိုင် မြေစာပုံ ကမ်းပါးပြိုကျမှုကြောင့် လူ ကိုးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ရေးသားပို့ချသည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိကောင်းစရာများအား Mobile Device (မိုဘိုင်းဒီဘိုက်) များဖြင့် ဖတ်ရှုနိုင်စေရန် စာမျက်နှာများအား ချိန်ညှိပေးထားကြောင်း...