Connect with us

Africa & Middle East

ဆယ်နှစ်ကြာ ပိတ်ထားခဲ့သော Manial နန်းတော်ရှိ အမဲလိုက်ပြတိုက်ကို အီဂျစ် ပြန်လည် ဖွင့်လှစ်


ကိုင်ရို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဖော်ဆောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ဆယ်နှစ်ကြာ ပိတ်ထားခဲ့သော ကိုင်ရိုမြို့ရှိ အမဲလိုက်ပြတိုက် (Hunting Museum) အား ဖေဖော်ဝါရီလ ၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အမဲလိုက်ပြတိုက် အတွင်း ကြည့်ရှုလေ့လာနေသူများအား ဖေဖော်ဝါရီလ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အမဲလိုက်ပြတိုက် အတွင်း ကြည့်ရှုကာ ဓာတ်ပုံရိုက်နေသူ တစ်ဦးအား ဖေဖော်ဝါရီလ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ပြတိုက်အား ပြန်လည် ပြင်ဆင်မွမ်းမံရန် ၂၀၀၇ ခုနှစ်က ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ယင်းပြတိုက်တွင် မိကျောင်းများ၊ ကုလားအုတ်များ၊ သမင်များ၊ လိပ်ပြာများ၊ သိန်းငှက်များနှင့် ဇီးကွက်များ အစရှိသဖြင့် အီဂျစ်နိုင်ငံ တော်ဝင် မိသားစုများမှ အမဲလိုက်ရာတွင် ရရှိခဲ့သော နို့တိုက်သတ္တဝါများနှင့်

ငှက်များ စသည်တို့ကို စုပေါင်းပြသထားရာ အရေအတွက်အားဖြင့် ၁,၁၈၀ ကောင် ရှိကြောင်း သိရသည်။ (Xinhua)