ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၉ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် နိုဝင်ဘာလ ၃၀ရက်နေ့၊ ညနေ ၄နာရီ၊ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခုတွင် လူဆိုးဂိုဏ်းဝင် လေးဦးနှင့်အတူ နိုဝင်ဘာလ ၂၇ ရက်က ထောင်ဖောက်ပြေး လွတ်မြောက်သွားသည့် အန္တရာယ်ရှိ စစ်သွေးကြွ တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံ၌ ယခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း ၎င်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အချို့ တို့အား ပယ်ဖျက်ခြင်း၊ ရာထူး တာဝန်များ ပြောင်းရွှေ့ခြင်း၊ အဖွဲ့ဝင် အသစ် ထည့်သွင်း တာဝန်ပေးအပ် ခြင်းများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အတွင်း မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် နိုင်ငံခြားသား များကို ဖမ်းဆီး ရမိခြင်းကြောင့် နောက်ပိုင်းတွင် ယင်းကဲ့ သို့ ထပ်မံဝင်ရောက် လာမှု မဖြစ်ပေါ်စေရန် မော်တော်ယာဉ် လိုင်းများ၌ နိုင်ငံခြားသား...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အတွင်း မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် နိုင်ငံခြားသား များကို ဖမ်းဆီး ရမိခြင်းကြောင့် နောက်ပိုင်းတွင် ယင်းကဲ့ သို့ ထပ်မံဝင်ရောက် လာမှု မဖြစ်ပေါ်စေရန် မော်တော်ယာဉ် လိုင်းများ၌ နိုင်ငံခြားသား...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) လားရှိုးမြို့နယ် ဟိုပိတ်ရွာအနီး သံလွင်ဓါတ်ဆီအရောင်းဆိုင်အနီးတွင် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီက လက်လုပ်မိုင်း နှစ်လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြောက်ဥက္ကာဆေးရုံကြီး၌ ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ရေကန်အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး ပိကာ သေဆုံးမှုဖြစ်ပွားကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဆေးရုံမှဝန်ထမ်းများထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်သည် လက်နက်ကိုင်အဖွဲ့ များနှင့် ထိတွေ့တိုက်ခိုက်မှုများပြီးနောက် နိုဝင်ဘာ ၂၅ ရက်က အမေရိကန် ဒေါ်လာ ၁သန်းနီးပါးခန့် ကုန်သွယ်နိုင်ခဲ့ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်ထံမှ သိရသည်။
ဖူကျန်း၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမန်မြို့ရှိ ပန်းချီဆရာတစ်ဦးသည် ငါးရိုးများကို အသုံးပြု၍ ပန်းချီကားများ ဖန်တီးခဲ့ကြောင်းသိရသည်။