Connect with us

Politics, Law & Military

မော်တော်ယာဉ် လိုင်းများ၌ နိုင်ငံခြားသား များအား တရားမဝင် တင်ဆောင် လာခြင်းကို စစ်ဆေး တွေ့ရှိပါက ဒီဇင်ဘာလဆန်း ပိုင်းမှစပြီး အရေးယူသွားမည်

မော်လမြိုင်မြို့မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အတွင်း မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသည့် နိုင်ငံခြားသား များကို ဖမ်းဆီး ရမိခြင်းကြောင့် နောက်ပိုင်းတွင် ယင်းကဲ့ သို့ ထပ်မံဝင်ရောက် လာမှု မဖြစ်ပေါ်စေရန် မော်တော်ယာဉ် လိုင်းများ၌ နိုင်ငံခြားသား များအား တရားမဝင် တင်ဆောင် လာခြင်းကို စစ်ဆေး တွေ့ရှိပါက ဒီဇင်ဘာလဆန်း ပိုင်းမှစပြီး ယာဉ်လုပ်ငန်း လိုင်စင် ပိတ်သိမ်း သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ အရေးယူရာတွင် မော်တော်ယာဉ် လုပ်ငန်းလိုင်စင် ကို သုံးလအထိ ပိတ်သိမ်းသွားမည် ဖြစ်ပြီး မော်တော်ယာဉ် လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင်ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး ရောင်းချရမည် ဖြစ်သည်။ မွန်ပြည်နယ် အတွင်းသို့ တရားမဝင် ရောက်ရှိလာသော နိုင်ငံခြားသားများ ဝင်ရောက်မှု မရှိစေရန် မော်တော်ယာဉ် လိုင်းများ အပါအဝင် တည်းခိုခန်းများ၊ ဟိုတယ်များ၊ မိမိတို့၏ နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ များ၌ တရားမဝင် လာရောက်သည့် နိုင်ငံခြား သား များကို တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း များထံ အကြေ ာင်းကြားရန် ညွှန်ကြား ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.