Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် ရေးရာ ကော်မတီများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ရာထူး တာဝန် ပြောင်းရွှေ့

ပြည်သူ့လွှတ်တော်ကျင်းပနေသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အချို့ တို့အား ပယ်ဖျက်ခြင်း၊ ရာထူး တာဝန်များ ပြောင်းရွှေ့ခြင်း၊ အဖွဲ့ဝင် အသစ် ထည့်သွင်း တာဝန်ပေးအပ် ခြင်းများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ကြေညာခဲ့သည်။

ပထမ ဦးစွာတာဝန် ပေးအပ်ထားခြင်းမှ ပယ်ဖျက်လိုက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ကြေညာခဲ့ရာ တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီမှ ဥက္ကဋ္ဌဦးစိန်ဝင်း(မအူပင် မဲ ဆန္ဒနယ်)နှင့် အဖွဲ့ဝင် ဒေါက်တာ ဦးစိုးမိုးသူ (မြောင်းမြ မဲဆန္ဒနယ်)၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာ ဦးအောင်ခင်(ပြင်ဦးလွင် မဲဆန္ဒနယ်)၊ ဥပဒေကြမ်း ကော်မတီမှ အဖွဲ့ဝင် ဦးဥဏ်လင်း (ရွှေပြည်သာ မဲဆန္ဒနယ်)နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးအောင်လှိုင်ဝင်း (မင်္ဂလာဒုံ မဲဆန္ဒနယ်)တို့အား ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။

ထို့အပြင် မူလ ကော်မတီ အတွင်းမှာပင် တာဝန်ပြောင်းလဲ ပေးအပ်ခြင်းများကိုလည်း ကြေညာခဲ့ရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ဦးစတီဗင် (ကျိုင်းတုံ မဲဆန္ဒနယ်)အား ၎င်း ကော်မတီ အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဥပဒေကြမ်းကော်မတီမှ ဦးကျော်စိုးလင်း (ပြည် ကြီးတံခွန်မဲဆန္ဒနယ်) အား ယင်း ကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဒေါက်တာသန်းဝင်း (မြောက်ဥက္ကလာပ မဲဆန္ဒနယ်)အား ယင်း ကော်မတီ၏ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီမှ အဖွဲ့ဝင် ဦးကျော်မြင့် (တိုက်ကြီး မဲဆန္ဒနယ်)အား ယင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ကော်မတီဝင်များ အဖြစ် ထည့်သွင်း တာဝန်ပေးအပ်ခြင်းများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆက်လက်ကြေညာခဲ့ရာ ဥပဒေကြမ်း ကော်မတီတွင် ဒေါက်တာဝေဖြိုးအောင် (သာကေတ မဲဆန္ဒနယ်) အား လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတွင် ဒေါက်တာ ဒေါ်အေဇင်လတ် (ရွှေဘိုမဲဆန္ဒနယ်) အား လည်းကောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီတွင် ဦးဇော်မင်းသိန်း(လေးမျက်နာမဲဆန္ဒနယ်)နှင့် ဦးရွှေလှကြိုင် (ကံကြီးဒေါင့် မဲဆန္ဒနယ်)တို့ကို လည်းကောင်း၊ စီးပွားရေးနှင့် ဘဏ်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဒေါ်ဝင့်ဝါထွန်း (ရှားတောမဲဆန္ဒနယ်) အား လည်းကောင်း အဆိုပါ ကော်မတီများ၏ အဖွဲ့ဝင်များအဖြစ် ထည့်သွင်း တာဝန်ပေးအပ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.