Connect with us

Sport

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း နှင့် ရတနာပုံအသင်းတို့ ခြေစမ်းပွဲ ကစားမည်

မြန်မာလက်ရွေးစင်အသင်းကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၉ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် နိုဝင်ဘာလ ၃၀ရက်နေ့၊ ညနေ ၄နာရီ၊ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂အသင်းကို ပဏာမ ကစားသမား ၂၆ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်နေပြီး လာမည့် ဒီဇင်ဘာလအတွင်း ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ခြေစွမ်းစမ်းသပ်သည့်အနေဖြင့် လက်ရှိ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံအသင်း နှင့် ခြေစမ်းကစားရန် စီစဉ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.