ဆိုဖီယာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဘူဂေးရီးယား တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များသည် တူရကီနယ်စပ်နှင့် ဆက်စပ်နေသည့် လီဆိုဗို စစ်ဆေးရေး ဂိတ်တွင် အလေးချိန် ၂၀၀ ကီလိုဂရမ် နီးပါးရှိသည့် ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ ၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် နှစ်ထပ်လမ်း စီမံကိန်း ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား ကုမ္ပဏီတို့ ပူးပေါင်း၍ အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်း စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော်...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် လေရှီး-ထမံသီ ကားလမ်း မြေပြို၍ လမ်းပိတ်ဆို့မှု ၁၀ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၁၄,၀၀၀ ကျော် ရေဘေးဒဏ် ခံစားနေရကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ စုံစမ်းသိရှိရသည်။
နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၆ ရက် အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၅၃) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲပေါင်း ၄,၇၇၁ တွဲတို့ကို ရောင်းချနိုင်ခဲ့ရာ တန်ဖိုးအားဖြင့် ယူရိုငွေ...
ပေကျင်း ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တောင်တရုတ် ပင်လယ်၏ တည်ငြိမ်အေးချမ်းမှုသည် အချို့သော ပြင်ပ အင်အားစု နိုင်ငံများအား ဆောက်တည်ရာ မရ ဖြစ်စေခဲ့ပြီး တောင်တရုတ် ပင်လယ်တွင် ဖြစ်ပေါ် ခဲ့သည့် ဖြစ်ရပ် အချို့သည်လည်း ထိုနိုင်ငံများ အတွက် စိတ်လှုပ်ရှား စရာများ...
ဗလာဒီဗော့စတော့ခ်၊ ရုရှား၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးဒေသ၌ ၂၄ နာရီအတွင်း တောမီးလောင်ကျွမ်းမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သစ်တော ဟက်တာ ၁,၄၀၀ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ သစ်တောဋ္ဌာနက ဇူလိုင်လ ၆ ရက်က ပြောကြား လိုက်သည်။
လာဆာ ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဇူလိုင်လ ၇ ရက် မှ ၈ ရက်ထိ ကျင်းပမည့် ဖွံ့ဖြိုးရေး ညီလာခံကို တိဘက်ဒေသ လာဆာမြို့၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ဇူလိုင်လ ၆ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၌ အရေးပေါ် လူနာတင်ယာဉ် စနစ် အသုံးပြု နိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဒမတ်စကပ်စ် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံသမ္မတ ဘာရှာအာဆတ်သည် ဇူလိုင်လ ၆ ရက်က မွတ်စလင် အားလပ်ရက် Eid al-Fitr ပွဲတော် နံနက်ခင်း အထူး ဆုတောင်းပွဲကို နိုင်ငံအတွင်း၌ စစ်ဖြစ်နေသည့် ငါးနှစ်တာ ကာလအတွင်း Homs မြို့၌...