Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် လူဦးရေ ၁၄,၀၀၀ ကျော် ရေဘေးဒဏ် ခံစားနေရဟုဆို

ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် လမ်းများ ရေကျော်ကာ ပိတ်ဆို့မှုဖြစ်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၁၄,၀၀၀ ကျော် ရေဘေးဒဏ် ခံစားနေရကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပြည်နယ်အတွင်း ဇူလိုင်လ ၆ ရက် နံနက်ပိုင်း ကောက်ယူသော စာရင်းများအရ ရေကြီးမှုကြောင့် မင်းပြားမြို့နယ်တွင် ကျေးရွာ ၃၈ ရွာ၊ ရပ်ကွက် သုံးခုမှ အိမ်ထောင်စု ၁,၄၉၇ စု လူဦးရေ ၆,၁၅ဝ၊ ကျောက်တော်မြို့နယ်တွင် ကျေးရွာ ၁၃ ရွာမှ အိမ်ထောင်စု ၆၃၃ စု လူဦးရေ ၂,၈၂၈ ဦး၊ မြောက်ဦး မြို့နယ်တွင် ကျေးရွာ ၁ဝ ရွာ၊ ရပ်ကွက်လေးခုမှ အိမ်ထောင်စု ၅၅၅ စု လူဦးရေ ၂,၅၂၇ ဦးသည် ကုန်းမြင့်ပိုင်း နေရာများ ဖြစ်သော စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်း၊ နီးစပ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြပြီး အမ်းမြို့နယ်တွင်လည်း ဒလက်ချောင်း ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု ၅၁၄ စု လူဦးရေ ၂,၉ဝဝ ကျော်ခန့် ကို ခေတ္တပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ ပေးအပ် ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော လေးမြို့မြစ်နှင့် ကုလားတန်မြစ် ဖျားမှ တောင်ကျရေများ စီးဆင်းလာမှု ကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတချို့၌ ဇူလိုင် ၅ ရက်နှင့် ၆ ရက်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ရန်ကုန်-စစ်တွေ ကားလမ်း တချို့ ရေကျော်ခဲ့မှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ ခေတ ္တပြတ်တောက် ခဲ့ရကြောင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

လက်ရှိအခြေအနေတွင် ရာသီဥတု အနည်းငယ် သာသာယာယာ ရှိလာပြီဖြစ်သည့် အတွက် မြောက်ဦး- မင်းပြား ကားလမ်းမပေါ်တွင် ရေကြီးစဉ်က တင်ကျန် ခဲ့သော အမှိုက်များကို စက်ယန္တရားများဖြင့် ရှင်းလင်းရန် စီစဉ်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.