Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းအတွင်းရှိ လေရှီး-ထမံသီကားလမ်း မြေပြို၍ လမ်းပိတ်ဆို့မှု ၁၀ နာရီခန့်ဖြစ်ပွား

လေရှီး-ထမံသီကားလမ်း #မြေပြို၍ #လမ်းပိတ်ဆို့ မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် လေရှီး-ထမံသီ ကားလမ်း မြေပြို၍ လမ်းပိတ်ဆို့မှု ၁၀ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

လေရှီး-ထမံသီ ကားလမ်း ၃၈ မိုင် ၄ ဖာလုံ အနီးတွင် နံနက် ၇ နာရီဝန်းကျင်ခန့်က အလျား ၁၅ ပေခန့် မြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာမှ မြေပြို၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည့် နေရာသို့ ရှင်းလင်း ဆောင်ရွက်ရာ ညနေ ၅ နာရီခန့်တွင် လမ်းပြန်လည်ပွင့်ကာ ကားများပြန်လည် သွားလာနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.