Connect with us

Economy

တရုတ်နိုင်ငံ SGCC ကော်ပိုရေးရှင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း လျှပ်စစ်ပို့လွှတ်မှုတွင်  ကူညီဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ကျင်းပခဲ့သည့် ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း သွယ်တန်းပြီးစီးမှု အခမ်းအနားတွင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ SGCC လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း(State Grid Corporation of China) မှ တာဝန်ယူတည်ဆောက်ပေးခဲ့သော  ကချင်ပြည်နယ်အတွင်းရှိ ဓာတ်အားလိုင်းများအား ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း နှင့် ချိတ်ဆက် သွယ်တန်းပြီးစီးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း သွယ်တန်းမှုလုပ်ငန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကန်ထရိုက်အရ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၃၀ အသုံးပြုခဲ့ကြောင်း သိရသည်။ယင်းလုပ်ငန်းတွင် အဓိကစီမံကိန်းများအနေဖြင့် ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံ အသစ်တစ်ရုံ တည်ဆောက်ခြင်း ၊ ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲ  စက်ရုံတစ်ရုံ တိုးချဲ့တည်ဆောက်ခြင်း နှင့် အရှည် ကီလိုမီတာ ၃၀၀ ခန့်ရှိသော Double Circuit Line ဓာတ်အားလိုင်း နှစ်လိုင်းသွယ်တန်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။ လုပ်ငန်းစတင်ရာ ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ်စက်ရုံမှ မြန်မာနိုင်ငံ၏  ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့အနီးတစ်ဝိုက်ထိ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးသွားမည်ဖြစ်သည်။

စက်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း “ ရွှေဘိုပင်မဓာတ်အားခွဲစက်ရုံ” အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ SGCC ကော်ပိုရေးရှင်း လက်အောက်ခံကုမ္ပဏီဖြစ်သည့် CET ကုမ္ပဏီ (China Electric Power Equipment and Technology Co., Ltd) မှ အထွေထွေမန်နေဂျာ Yu Jun က မြန်မာနိုင်ငံမြောက်ပိုင်းတွင်ရှိသည့် တာပိန်ရေအားလျှပ်စစ်စက်ရုံကို မဟာပင်မဓာတ်အားလိုင်းနှင့် ချိတ်ဆက်သွယ်တန်းပေးထားခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ပို့လွှတ်ပေးမည့် အရေးပါသော လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုလုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပေါကြွလှသော ရေအားလျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းရှိ လျှပ်စစ်ဓာတ်အား အသုံးများသော နေရာများအထိ အဆက်မပြတ် ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ်စက်ရုံမှ သွယ်တန်းထားသော ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း သွယ်တန်းထားမှု အနေအထားအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းလျှပ်စစ်ဓာတ်အားပေးပို့မှုလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းရှိ မိသားစုပေါင်း ၅ သန်းအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းနိုင်ရေး ရည်မှန်းချက်ကို စောလျင်စွာပြီးမြောက်စေရန် မြှင့်တင်ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှ လျှပ်စစ်အသုံးပြုရသည့် လုပ်ငန်းများ ၊ ကုန်ထုတ်လုပ်ငန်းများ နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လူနေမှုဘဝမြင့်မားရေးအတွက်လည်း  အာမခံချက်များ ရရှိလာမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ်စက်ရုံမှ သွယ်တန်းထားသော ၂၃၀ ကေဗွီ မဟာပင်မဓာတ်အားလိုင်း သွယ်တန်းထားမှု အနေအထားအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ်များအတွင်း တရုတ်နိုင်ငံ SGCC လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံတွင် ျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ ၊ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံစီမံကိန်းများနှင့် ဓာတ်အားလိုင်း သွယ်တန်းမှုများ စသည့် စီမံကိန်းပေါင်း ၂၀ ကျော်ကို ဆောင်ရွက်ပေးခဲ့ကြောင်း  ၊ ယင်းတို့အနက်  ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံ အလုံး ၂၀ ကျော်ကို အသစ်တည်ဆောက်ခြင်း နှင့် အဟောင်းပြုပြင် တိုးချဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ ၂၃၀ ကေဗွီနှင့် ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း အရှည်ပေါင်း ၁,၃၀၀ ကီလိုမီတာခန့် အထိ သွယ်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့်  မဟာပင်မဓာတ်အားလိုင်းသွယ်တန်းမှုလုပ်ငန်းတွင် အရေးပါသော တပ်ဆင်မှုအပိုင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.