Connect with us

Economy

မြန်မာ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များ နှင့် စီးပွားရေး လုပ်ငန်းများဖြင့် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့သစ် ထူထောင်

မြန်မာနိုင်ငံ စက်မှုဇုန် နှင့် စီးပွားရေး လုပ်ငန်းများ အသင်း (MIBA) စတင်ထူထောင်ခြင်း ဖွင့်ပွဲ အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ စက်မှုဇုန် နှင့် စီးပွားရေး လုပ်ငန်းများ အသင်း (MIBA) စတင်ထူထောင်ခြင်း ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၁ ရက် ညပိုင်း တွင် ရန်ကုန်မြို့ Sky Star ဟိုတယ် ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး တို့ တက်ရောက် ခဲ့ကြသည်။

MIBA နာယက ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ထူထောင်လိုက်သည့် အသင်း သည် မြန်မာ တစ်နိုင်ငံလုံး အသိုင်းအတာရှိ စက်ရုံပိုင်ရှင် နှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖြင့် ဖွဲ့စည်းထားသည့် အသင်းတစ်သင်း ဖြစ်ကြောင်း ၊ ယနေ့ မှ စ၍ မြန်မာ နိုင်ငံ ရှိ စက်မှုဇုန်များ အကြား ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်၍ တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မည့် ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု က မြန်မာ နိုင်ငံ အတွက် လွန်စွာ ကောင်းမွန်သည့် အခွင့်အလမ်း များ ရရှိစေမည် ဖြစ်သည့် အတွက် အသင်း အဖွဲ့ဝင်များ အနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

MIBA နာယက ၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

MIBA ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးကိုကြီး က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် စက်မှုဇုန် အသီးသီး ရှိ အခက်အခဲများ အား ဖြေရှင်း နိုင်ရန် အတွက် ယခု အသင်း အား ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း ၊ MIBA အနေဖြင့် မြန်မာ နိုင်ငံ တိုင်း နှင့် ပြည်နယ် ၁၄ ခု ရှိ စက်မှုဇုန် များအား စုစည်း ၍ အတူတကွ လက်တွဲကာ အခက်အခဲများ အား ဖြေရှင်းပေးခြင်း ၊ နည်းပညာများ ပံ့ပိုးခြင်း ၊ ပြည်ထောင်စု အဆင့် တိုင်းဒေသကြီး အစိုးရ နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားရန် အစီအစဉ် များအား ချမှတ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ကာ လုပ်သားပြည်သူများ ၏ လူနေမှု အဆင့်အတန်း ကို မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

MIBA ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးကိုကြီး က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

MIBA ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းနိုင် က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ စက်မှုဇုန် နှင့် စီးပွားရေး လုပ်ငန်းများ အသင်း (MIBA) စတင်ထူထောင်ခြင်း ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာနိုင်ငံ စက်မှုဇုန် နှင့် စီးပွားရေး လုပ်ငန်းများ အသင်း (MIBA) စတင်ထူထောင်ခြင်း ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

MIBA ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းနိုင် က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မြန်မာ နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ အရ MIBA အသင်း အား ထူထောင် ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံတကာ  ရင်းနှီးမြှုပ်နှံမှုများ မြန်မာ နိုင်ငံ သို့ အရှိန်အဟုန် မြင့်စွာ ဝင်ရောက် လာချိန်တွင် မိမိ တို့ အနေဖြင့် လက်ခံနိုင်ပြီး တိုးတက်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေ တွင် ရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။မြန်မာနိုင်ငံ စက်မှုဇုန် နှင့် စီးပွားရေး လုပ်ငန်းများ အသင်း (MIBA) စတင်ထူထောင်ခြင်း အခမ်းအနား တွင် MIBA နှင့် အခြားအသင်းအဖွဲ့ များ အကြား နားလည်မှု စာချွန်လွှာ အသီးအသီး ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရသည်။  (Xinhua)