Connect with us

Economy

ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာ-တရုတ် စီးပွားရေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၌ ပြုလုပ်သော မြန်မာ-တရုတ် စီးပွားရေးကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် တရုတ်-မြန်မာကိုယ်စားလှယ်များ စီးပွားရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်က တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် စီးပွားရေးကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ ကို နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် မေ ၂၆ ရက် က ကျင်းပခဲ့သည်။

ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်သော မြန်မာ-တရုတ် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ ရက်၌ စုပေါင်းဓာတ်ပုံရိုက်ကူးနေမှုအား ၂၀၂၃ ခုနှစ်၊ မေ ၂၆ က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို အဓိကထားလုပ်ဆောင်နေပြီး ကုန်စည်ပြပွဲများတွင် ပါဝင်ခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကို စီးပွားရေးအခွင့်အလမ်းများရရှိစေရန်လည်း ပံ့ပိုးကူညီပေးထားကြောင်း ဒေါ်နော်မူတာကပေါက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေး သံမှူးMr.Tan Shufu က တရုတ်နှင့် မြန်မာနိုင်ငံသည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားရန်ရှိကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်နိုင်ငံများထဲမှာ တစ်ခုဖြစ်သလို မြန်မာနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်တင်ပို့ရသည့်ဈေးကွက်လည်းဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုနှင့် ဖလှယ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအတွက် အခွင့်အလမ်းများစွာရှိကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ကုမ္ပဏီများက စီးပွားရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.