Connect with us

Economy

မြန်မာ (လားရှိုး)- တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ နေပြည်တော်တွင် ကျင်းပ

စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး) နှင့် တရုတ် (လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကို နေပြည်တော်တွင် မေ ၂၅ ရက်က ကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၆ ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး) နှင့် တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်တွင် မေ ၂၅ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲဟုလည်း လူသိများသော နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ နှင့်တရုတ်နိုင်ငံ လင်ချန်းမြို့ အစိုးရတို့ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲဖြစ်ပြီး မေလ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး) နှင့် တရုတ် (လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကို နေပြည်တော်တွင် မေ ၂၅ ရက်က ကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး) နှင့် တရုတ် (လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကို နေပြည်တော်တွင် မေ ၂၅ ရက်က ကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် မြန်မာ (လားရှိုး) နှင့် တရုတ် (လင်ချန်း) နယ်စပ်ကုန်စည်ပြပွဲကို နေပြည်တော်တွင် မေ ၂၅ ရက်က ကျင်းပသည့် မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နှင့် ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး၊ နှစ်နိုင်ငံ လုပ်ငန်းရှင်များအကြား ပိုမို ရင်းနှီးသော ဆက်ဆံရေး မြှင့်တင်ရန်နှင့် ခရီးသွားလုပ်ငန်းနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ယူနန်ပြည်နယ် နယ်စပ်ဒေသ လင်ချန်းမြို့သည် မြန်မာနိုင်ငံနှင့် ယူနန်၏ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့ဆာင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် သိသာထင်ရှားသော တည်နေရာအားသာချက်များရှိကြောင်း ပြောကြားခဲ့သည်။

စတုတ္ထအကြိမ်မြောက် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ အောင်မြင်စွာ ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးမည် ဖြစ်ကြောင်း Chen က ပြောကြားခဲ့သည်။
လင်ချန်း မြို့တော်ဝန် Mr. Du Jianhuiက လင်ချန်းသည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေရန်အတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပထဝီအနေအထားအရ နီးစပ်မှု၊ နီးကပ်သော ဆက်ဆံမှုနှင့် ယဉ်ကျေးမှု ဆက်နွယ်နေခြင်း၏ အားသာချက်များကို အသုံးချ၍ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ အသင်းအဖွဲ့ သို့မဟုတ် လုပ်ငန်းပေါင်း ၆၀မှ ဆိုင်ခန်းပေါင်း ၇၀ ခန့် ပါဝင်ပြသခဲ့ပြီး ဒေသထွက် အစားအစာများ၊ အမှတ်တရပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်၊ ကော်ဖီ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ သစ်အချောထည်ပစ္စည်းများနှင့် ခရီးသွားဝန်ဆောင်မှုများ အပါအဝင် ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။

တရုတ်စီးပွားရေးလုပ်ငန်းပေါင်း ၇၀ ကျော်က ဆိုင်ခန်းပေါင်း ၄၀ ဖြင့် အစားအသောက်များ၊ နေရောင်ခြည်သုံးပစ္စည်းများ၊ အဝတ်အထည်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်များကို ပြသထားသည်။
မေ ၂၅ ရက်က ကျင်းပသည့် ကုန်စည်ပြပွဲအတွင်း မြန်မာ-တရုတ် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးလမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေးပွဲကိုလည်း နှစ်နိုင်ငံ လုပ်ငန်းရှင်များအတွက် ကျင်းပခဲ့ကြောင်းသိရသည်။ (Xinhua)