Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

တရုတ် နှင့် မြန်မာ သံတမန် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်း သွားမည် ဟု ညှိုနှိုင်းဆွေးနွေး - Xinhua News Agency
Connect with us

Politics

တရုတ် နှင့် မြန်မာ သံတမန် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်း သွားမည် ဟု ညှိုနှိုင်းဆွေးနွေး

တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး လျိုကျန့်မင် မြန်မာ နိုင်ငံသို့လာရောက် လည်ပတ်စဉ် အင်တာဗျူး ပြုလုပ်နေပုံ(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် မြန်မာအဆင့်မြင့် သံတမန် အရာရှိကြီးများသည် မတ်လ (၈) ရက်နေ့ မူဆယ် တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နယ်စပ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်သွားရန် ကတိပြု ခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လျိုကျန့်မင် (Liu Zhenmin) နှင့် မြန်မာနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ဦးလွင်တို့ တွေ့ဆုံကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေး ကို အဓိက ထား ဆွေးနွေးကြ သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးမှုမှ ဘုံသဘောတူညီချက်များကို အလေးအနက်ထား အကောင်အထည် ဖော်ရန်နှင့် ကဏ္ဍမျိုးစုံတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးရှိစေ မည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.