Connect with us

Politics

မြန်မာ နယ်စပ် တွင် နေထိုင်သည့် သူ ၁၄,၀၀၀ တရုတ်နိုင်ငံ သို့ ပြောင်းရွှေ့လာ

စစ်ဘေးရှောင် ဒုက္ခသည်များ (ဆင်ဟွာ)

ကူမင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

ကိုးကန့် ဒေသတွင် တိုက်ပွဲများ စတင် ဖြစ်ပွားသည့် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ မြန်မာ နယ်စပ်ဘက်တွင် နေထိုင်သူများ ယူနန်ပြည်နယ်ထဲသို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး စုစုပေါင်းလူဦးရေ ၁၄,၀၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း၊ ထိုလူများ ရွှေ့ပြောင်း နေထိုင်ရေးအတွက် တရုတ်နိုင်ငံမှ ယာယီဖြေရှင်းမှုများ ပြုလုပ် ပေးထားကြောင်း သိရသည်။

တရုတ် နိုင်ငံဘက်မှ အစားအသောက်၊ ဆေးဝါးနှင့် ကူးစက်ရောဂါ မဖြစ်ပွားစေရေး စသည်တို့ လုပ်ဆောင် ပေးထားကြောင်း ယူနန်ပြည်နယ် လီချမ်း (Lincang) မြို့အစိုးရအဖွဲ့ ပြန်ကြားရေးဌာန၏ မတ်လ (၂) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲများ စတင် ဖြစ်ပွားစဉ်တည်းက မြန်မာနိုင်ငံတွင် နေထိုင်သူများဟာ လုံခြုံရေး အကြောင်းပြချက်ဖြင့် နယ်စပ်ဖြတ်ကျော် သွားလာမှုပေါင်း ၆၀,၀၀၀ ကျော်ရှိေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်နိုင်ငံ၏ ပိုင်နက်ကို အသုံးပြုပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေရန် လုပ်ဆောင်သည့် မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်တွင် ကိုးကန့် တိုက်ပွဲတွင် မည်သည့် တရုတ် နိုင်ငံသားမှ မပါဝင်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉) ရက် နေ့မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.