Social
မြန်မာ နိုင်ငံ မှ မွေးရာပါ နှလုံးရောဂါသည် ကလေးငယ် ၅၀ ဦးအား ရွေးချယ်ကာ တရုတ် နိုင်ငံ သို့ ဆေးဝါး ကုသရန် ပို့ဆောင်ပေးမည်
ရန်ကုန် ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) နှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန တို့ပူးပေါင်းကာ မတ်လ ၂၈ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ ရန်ကင်း ကလေးဆေးရုံတွင် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေး သွားမည် ဖြစ်ပြီး ယင်းအနက် မှ ကလေးငယ် ၅၀ ဦးအား ရွေးချယ်၍ တရုတ် နိုင်ငံ ပေကျင်းမြို့သို့ ဆေးဝါးကုသရန် အတွက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် ထံမှ သိရှိရသည်။
တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် မှ အဖွဲ့ဝင် များ နှင့် နှလုံးရောဂါကုသမှု တွင် နာမည် ကျော်ကြားသည် ပေကျင်းအန်ကျိန်း ဆေးရုံ(Beijing An Zhen Hospital) မှ ကျန်းမာရေး ဆိုင်ရာ ဝန်ထမ်းများသည် မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြမည် ဖြစ်ပြီး မတ်လ ၂၈ ရက်နေ့ နံနက် အစောပိုင်း မှ စတင်၍ ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုအကြိမ် မြန်မာ နိုင်ငံ အတွင်း မွေးရာပါ နှလုံးရောဂါသည် ကလေးငယ် များအား ကုသမှု ဆောင်ရွက်နိုင်ရန် ကူညီပေးသည့် အစီအစဉ် သည် တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် မှ ဦးစီးဆောင်ရွက်ခဲ့သည့် အစီအစဉ် ဖြစ်ပြီး တရုတ် နိုင်ငံ စာနယ်ဇင်းလော ကုသိုလ်ဖြစ်လုပ်ငန်း ဖွံ့ဖြိုးရေးအသင်း မှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ ပရဟိတ အဖွဲ့ချုပ် မှ အဖွဲ့ဝင် များ နှင့် ကျန်းမာရေး ဆိုင်ရာ ဝန်ထမ်းများ ပေကျင်းမြို့မှ စတင်ထွက်ခွာလာစဉ်(ဓာတ်ပုံ- တရုတ် နိုင်ငံ ပရဟိတ အဖွဲ့ချုပ်)
တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် ၏ “မွေးရာပါ နှလုံးရောဂါသည် ကလေးငယ်များ ကုသရေး စီမံကိန်း” အား မြန်မာ နိုင်ငံ အတွင်း ကူညီဆောင်ရွက်ရခြင်း ၏ ရည်ရွယ်ချက်မှာ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း ဖော်ဆောင်ခြင်း အတွက် ကြိုးပမ်းအားထုတ်မှု တစ်ရပ်ဖြစ်ပြီး မြန်မာ နိုင်ငံ အတွင်း ရှိ ပြည်သူလူထု တို့မှလည်း ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ၏ အကျိုးရလဒ်များကို ခံစားနိုင်စေရန် နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)