Connect with us

Social, Education & Health

မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်များ ကျန်းမာရေးကုသိုလ်ဒါနအစီအစဉ်ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အခမဲ့ဆေးကုသမှုခံယူ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ရောက်ရှိလာသော မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များနှင့်၎င်းတို့၏ မိသားစုဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှလာသော မွေးရာပါ နှလုံးရောဂါဝေဒနာရှင်ကလေး ၈ ဦးနှင့်၎င်းတို့၏ မိသားစုဝင်များသည် ဒီဇင်ဘာ ၄ ရက် ညပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဖူဝိုက် နှလုံးသွေးကြောရောဂါအထူးကုဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ် စာနယ်ဇင်းလောက ကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ရွှီကျင့်ရွှန်းက  ယခုလာရောက်ဆေးကုသမှုခံယူသည့် ကလေးငယ်များက “ရပ်ဝန်းနှင့်ပိုးလမ်းမ.ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး” မွေးရာပါနှလုံးရောဂါသည် ဝေဒနာရှင် ကလေးငယ်များ ကူညီကုသရေး အစီအစဉ်၏ တတိယအသုတ်ဖြစ်ရာ စုစုပေါင်း ၁၅ ယောက်ပါဝင်ကြောင်း ၊ တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်သည် ယူနန်ပြည်နယ် ဖူဝိုက်နှလုံးသွေးကြောအထူးကု ဆေးရုံကြီး၏ဆရာဝန်ပညာရှင်များနှင့်အတူ ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီးသို့သွားရောက် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ ဝေဒနာရှင် ကလေးငယ် ၈ ဦး၏ဆေးကုသမှုအစီအစဉ်ကိုသတ်မှတ်ခဲ့ကြောင်း၊ ကျန် ကလေးငယ်  ၇ ဦးသည်လည်း မကြာမီ ယူနန်သို့လာရောက်မည်ဖြစ်ကြောင်း ဆိုသည်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ရောက်ရှိလာသော မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ်များနှင့်၎င်းတို့၏ မိသားစုဝင်များအား တွေ့ရစဉ်(ဆင်ဟွာ) 

 “ရပ်ဝန်းနှင့်ပိုးလမ်းမ.ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး” မွေးရာပါနှလုံးရောဂါသည် ဝေဒနာရှင်ကလေးငယ်များ ကူညီကုသရေး အစီအစဉ်သည် ၂၀၁၇ ခုနှစ်မှ စတင်သည့် ကျန်းမာရေး ကုသိုလ်ဒါန အစီအစဉ် တစ်ရပ်ဖြစ်ရာ  ၂၀၁၇ ခုနှစ် ဧပြီလက ပထမအသုတ် အနေဖြင့် ဝေဒနာရှင် ကလေးငယ် ၁၂ ဦး အား ပေကျင်းမြို့ရှိအန်းကျန်းဆေးရုံကြီးတွင်လည်းကောင်း ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလက  ဒုတိယအသုတ်အနေဖြင့် ဝေဒနာရှင်ကလေးငယ် ၁၅ ဦးအား ယူနန်ပြည်နယ်ဖူဝိုက်ဆေးရုံကြီးတွင် လည်းကောင်း ဆေးကုသပေးခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.